ယခုနှစ်မှာ လူအကန့်အသတ်နဲ့ ဝင်ရောက်ဂါရဝပြုခွင့်ပေးထားတာပါ။

အာဇာနည်နေ့ အခမ်းအနားကို ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ကျန်းမာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ကျင်းပရမှာဖြစ်ပြီး ကိုဗစ်အကန့်အသတ်တွေနဲ့ညီအောင်ကျင်းပရတဲ့ ပထမဆုံး နိုင်ငံတော်အခမ်းအနားဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်ကို သွားမှာဖြစ်တာကြောင့် မနက်ဖြန် ဇူလိုင် ၁၇ရက်ကနေ ၂၁ ရက်အထိ Facebook ကနေ ခွင့်ယူမယ်ဆိုတဲ့အကြောင်းလည်း ရေးသားထားတာတွေ့ရပါတယ်။



“ဒီကနေ့ post ကတော့ ခွင့်တိုင်စာဖြစ်ပါတယ်။ မနက်ဖြန်မှစပြီး နောက်အပတ် (၂၁)ရက်နေ့အထိ Facebook မှ ခွင့်ယူပါမယ်။ (၂၂)ရက်နေ့မှာပြန်ရေးပါမယ်။ ရန်ကုန်ကို အာဇာနည်နေ့အခမ်းအနားအတွက် သွားဖို့ရှိပါတယ်။ အခမ်းအနားကိုတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ကျန်းမာရေးစည်းမျဉ်းတွေနဲ့ကိုက်ညီအောင် ကျင်းပရပါမယ်။ Covid အကန့်အသတ်တွေနဲ့ညီအောင် ကျင်းပရတဲ့ ပထမဆုံး နိုင်ငံတော် အခမ်းအ နား ပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားတာပါ။

အဲဒီနောက် အတိုင်ပင်ခံက အာဇာနည်နေ့မှာဆိုရင် နေမဝင်အင်ပိုင်ရာကြီးကို အန်တုခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကို သတိရကြောင်း၊ သတိရတာနဲ့အတူ ခေါင်းဆောင်ကြီးတွေရဲ့ စိတ်စွမ်း၊ ဉာဏ်စွမ်းတွေကိုကြည့်ပြီး မိမိတို့သည်လည်း ဒီလိုစွမ်းအားတွေရှိနိုင်တာပဲဆိုတဲ့ ယုံကြည်မှုတွေဖြစ်လာကြောင်း၊ အာဇာနည်နေ့ကာလမှာ ကျန်းမာ ချမ်းသာစွာနဲ့ အခက်အခဲများကိုကျော်လွှားနိုင်ပါစေကြောင်း ဆုတောင်းရေးသားထားခဲ့တာပါ။

Photo- ၂၀၁၉ ခုနှစ်အာဇာနည်နေ့အခမ်းအနားကျင်းပစဉ်။

အာဇာနည်ဗိမာန်မှာ ပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်ကာလမှာကျင်းပရတာဖြစ်တဲ့အတွက် လူဦးရေ အကန့်အသတ်နဲ့သာဝင်ခွင့်ပြုထားပြီး အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်လေးဦးစီ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ၄ ဦးစီနဲ့ ရန်ကုန်တိုင်း လွှတ်တော်အဖွဲ့မှ ၄ ဦးစီသာ တက်ရောက်ရမှာဖြစ်သလို အများပြည်သူကို ၁၂ ယောက်ကို တစ်သုတ်စီနဲ့ အသုတ်လိုက် ဂါရဝပြုဝင်ရောက်ခွင့်ပြုထားတယ်လို့လည်းသိရပါတယ်။

ဗိမာန်ကိုလာရောက်ဂါရဝပြုမယ့်သူတွေအနေနဲ့ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်လာရမှာဖြစ်သလို ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာတွေလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်များရုံးအတွင်းက အစည်းအဝေးခန်းမတို့ကိုလည်း ဒီနှစ်မှာ အများပြည်သူ ဝင်ရောက်လေ့လာခွင့်ရတော့မဟုတ်ဘဲ အွန်လိုင်းကတစ်ဆင့် ကြည့်နိုင်အောင် စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က