သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
Mi Thawdar Aung

သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးမှုတွေ များလာရင် စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်ပျက်စီးမှု များပြားတာကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်များက အကြံပြုပြောဆိုပါတယ်။

Photo- MFST

စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်လမ်း Yangon Innovation Center ရှိ Seedspace ခန်းမမှာ ပြုလုပ်တဲ့ကူညီကယ်ဆယ်ရေဘေးသင့်မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ပေါ်လာမယ့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကို သုတေသနပညာရှင်တွေက စစ်တမ်းတွေ ထုတ်ပြန်လေ့ရှိရာမှာ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက နားထောင်ဖို့ လိုအပ်တယ်လို့ သဘာ၀ ပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်က ဆိုပါတယ်။

“ သဘာဝပတ်ဝန်းကျင်အခြေအနေကို ပညာရှင်တွေက အမြဲစစ်တမ်းတွေ ထုတ်တယ်။ ဒါတွေကို အစိုးရတွေ၊ စီးပွားရေးသမားတွေက နားထောင်ဖို့ လိုတယ်။ အစိုးရ အနေနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမပျက်စီးအောင် ဥပဒေ၊ နည်းဥပဒေ မူဝါဒကို ခိုင်ခိုင်မာမာချမှတ်ဖို့ လိုအပ်သလို ပြည်သူတွေ ကလည်း လေးစားလိုက်နာပါလို့ ပြောချင်တယ်” လို့ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

စက်တင်ဘာ ၈ ရက်က ပြုလုပ်တဲ့ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆွေးနွေးပွဲ။

သဘာဝဘေးကြိုတင်ကာကွယ်ရာမှာ ငလျင်ဘေးသင့်နိုင်တဲ့နေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်တဲ့ဒေသအလိုက် လေ့ကျင့်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ရေကြီးမြေပြိုမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေကို ကာကွယ်ရာမှာ ကမ်းရိုးတန်းနဲ့ ကပ်နေတဲ့ဒေသတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့မှာ ကြိုတင်ပြင်ဆင်မှုတွေ ပိုပြီးလုပ်သင့်တယ်လို့  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအကြံပေးအဖွဲ့ဝင် ဦးရဲထွေးက ဆိုပါတယ်။

“ တောင်တန်းတွေရှိတဲ့ဒေသတွေက မြေပြိုမှုကို ပိုပြီးကြိုတင်ပြင်ဆင်ရမယ်။ ၂၀၁၅ တုန်းကဆို စီးပွားရေးကဏ္ဍတွေမှာ ၁ ဒဿမ ၅ သန်း ဆုံးရှုံးခဲ့တယ်။ ဒါက ပညာရေးဝန်ကြီးဌာနတစ်ခုလုံးကိုပေးနိုင်တဲ့တစ်နှစ်စာ ဘက်ဂျက်လောက်ရှိတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်” လို့

ယခုနှစ်မိုးရာသီကာလ မွန်ပြည်နယ်က ရေကြီးနစ်မြှုပ်မှုကို အများဆုံးခံစားခဲ့ရတဲ့ဒေသဖြစ်ပြီး  မြေပြိုတာတွေ၊ ရေဘေးဒဏ်တွေ ကြောင့် ကျပ်သိန်းပေါင်း ၁ သောင်း ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။


က္က