loading...

loading...

loading...

မကြာခင်မှာတရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
Ei Ei Htun

နေပြည်တော်က မူကြိုကလေးငယ် ဗစ်တိုးရီးယားလိင်အကြမ်းဖက်ခံရမှုမှာ သံသယတရားခံအဖြစ်တရား စွဲဆိုခံခဲ့ရတဲ့ အောင်ကြီးရဲ့ နစ်နာမှုအတွက်ရဲတပ်ဖွဲ့ကိုတရားစွဲဆိုဖို့ပြင်ဆင်နေပြီလို့ အောင်ကြီးရဲ့ရှေ့နေတွေဘက်ကသိရပါတယ်။ 

လက်ရှိမှာ တရားစွဲဖို့အတွက် အချက်အလက်တွေကိုစုဆောင်းပြင်ဆင်နေပြီး မကြာခင်အချိန်အတွင်းမှာ တရားစွဲဆိုသွားမယ်လို့ အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။ 

“ဗစ်တိုးရီးယားအမှုမှာ လက်ရှိဆောင်ရွက်နေရတဲ့ ကဏ္ဍက (၃)ခုပေါ့နော်။ ကလေးသူငယ်ဥပဒေအရ ကလေးနဲ့ မိဘတွေရဲ့ အချက်အလက်တွေကိုဖော်ပြခဲ့တဲ့ ရဲတပ်ဖွဲ့ကိုတရားစွဲဖို့၊ နောက်တစ်ခုက ဒီအမှုမှာ တရားခံအစစ်ပေါ်ပေါက်ဖို့၊ ကျန်တာက အောင်ကြီးရဲ့နစ်နာမှုအတွက် တရားစွဲဖို့ပေါ့။ ကျွန်တော်တို့က ဒီအမှုစကတည်းက အောင်ကြီးဘက်ကရပ်တည်လာတဲ့သူတွေဆိုတော့ အောင်ကြီးရဲ့နစ်နာမှုအတွက် ရဲတပ်ဖွဲ့ဝင်တွေကိုတရားစွဲဖို့ ကျွန်တော်တို့ပြင်ဆင်နေပါပြီ။ မကြာခင်အချိန်မှာတရားစွဲဖို့လုပ်သွားပါမယ် ။ကျန်လုပ်ဆောင်ရမယ့်ကဏ္ဍတွေကိုလည်း သူ့သက်ဆိုင်ရာရှေ့နေအသီးသီးကဆောင်ရွက်နေပါတယ်" လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဗစ်တိုးရီးယားအမှုအမှာ ရဲတပ်ဖွဲ့အနေနဲ့ အောင်ကြီးရဲ့နစ်နာမှုနဲ့အတူ ဗစ်တိုးရီးယားရဲ့မိသားစုအချက်အလက်တွေကိုဖော်ပြခဲ့တာကြောင့် တရားစွဲဆိုခံရဖို့ရှိနေပြီး တရားစွဲဆိုခံရတဲ့လူတွေပဲ ကွဲသွားမှာဖြစ်တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ 

အောင်ကြီးဟာ ဗစ်တိုးရီးယားကို လိင်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ထဲမှာ လအတော်ကြာနေခဲ့ရပြီးနောက် တရားခွင်စစ်ဆေးချက်တွေအရ အပြစ်မကျူးလွန်ကြောင်းလက်ခံယုံကြည်ရတဲ့ အတွက် သူ့ကို တရားရုံးက ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့က တရားရှင်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

တရားရှင်လွတ်လာတဲ့နေ့က အောင်ကြီးကသူ့ရဲ့နစ်နာမှုအတွက် သူ့ရဲ့ရှေ့နေတွေအကြံပေးတဲ့အတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့နစ်နာမှုအတွက် ရဲတပ်ဖွဲ့ကိုတရားစွဲဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ 


loading...

က္က