လူနာကို ပြည်မြို့ ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူစေမှာ ဖြစ်ပါတယ်။

ယနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်မှာပါတဲ့ မကွေးတိုင်း၊ အောင်လံမြို့က ပိုးတွေ့လူနာဟာ ရန်ကုန်မြို့ရွှေဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အောင်လံကို ပြန်လာတဲ့ လမ်းမှာ ကိုဗစ် ၁၉ ရောဂါလက္ခဏာပြတဲ့အတွက် အောင်လံမြို့ဆေးရုံတွင် သီးခြားထားရှိထားသူဖြစ်တယ်လို့ အောင်လံမြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထံမှ သိရပါတယ်။



"ပြန်လာရင်းနဲ့ကျန်းမာရေးမကောင်းတာနဲ့ ချောင်းဆိုးရင်ကြပ်ဖြစ်တာနဲ့ ဆေးရုံမှာသွားပြီးဆေးကုသမူခံယူတော့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ရန်ကုန်ပြန်လည်း ဖြစ်တဲ့အတွက် သူ့ကို အာခေါင်တို့ပတ် နမူနာယူပြီးတော့ ဆေးရုံသီးသန့်ဆောင်မှာထားပြီး ဓါတ်ခွဲနမူနာကို မကွေးတိုင်းကျန်းမာရေးကိုပေးပို့တင်ပြပါတယ်။ တိုင်းကျန်းမာကနေ ရန်ကုန်ကို ပေးပို့တင်ပြရာမှာ ယနေ့မနက် တစ်နာရီလောက်မှာ အဖြေကြားပါတယ် "လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းကပြောပါတယ်။

လူနာက သြဂုတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့မှ ကုမ္ပဏီကကားနဲ့ ပြန်လာတာဖြစ်ပြီး လမ်းမှာ ချောင်းဆိုလက္ခဏာပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လူနာကို ဒီကနေ့မနက် ၁၀ နာရီခွဲခန့်မှာ ပြည်မြို့ ပြည်သူ့ဆေးရုံကိုကြီးကို ပို့ဆောင်လိုက်ပါပြီ။ လူနာနဲ့ တိုက်ရိုက်ထိစပ်သူ ၂ ဦးနဲ့ တစ်ဆင့်ခံထိစပ်သူ ၇ဦးတို့ကို ရောဂါပိုးရှိမရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ အောင်လံမြို့နယ် ဆေးရုံအုပ်ဒေါက်တာမျိုးလွင်က ဆိုပါတယ်။


နေအိမ်ရှိရာ လမ်းကို အသွားအလာကန့်သတ်ထားပုံ (ဓာတ်ပုံ - Magway Post)

“အိမ်ကို ဝင်ရောက်မှုမရှိပေမယ့် လမ်းထိပ်မှာ မိခင်ဖြစ်သူနဲ့ ထိတွေ့ခဲ့လို့ စက်ရုံရပ်ကွက် ရွာမ (၁၂)လမ်းက နေအိမ်ကို အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ လာရောက်ပို့ဆောင်ခဲ့သူ (၂) ဦး ၊ ညအိပ် တည်းခိုခဲ့တဲ့ နေအိမ်က နေထိုင်သူ(၇)ဦး ကိုလည်း နေအိမ်ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ရန်ကုန် ကုမ္ပဏီမှာ အတူအလုပ်လုပ်ကိုင်တဲ့သူ (၄၀) လောက်ရှိတာကြောင့် တိုင်းဒေသကြီးက တစ်ဆင့် အကြောင်းကြားတယ်”လို့ ဒေါက်တာမျိုးလွင်က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် ၈ နာရီထုတ်ပြန်ချက်မှာ မကွေးတိုင်း အောင်လံမြို့နယ်မှာ ကိုဗစ်ကူးစက်သူလူနာတစ်ဦးပါဝင်ခဲ့တာဖြစ်ပြီး မကွေးတိုင်းအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိချိန်ကစလို့ ယနေ့အချိန်အထိ အတည်ပြုလူနာ ၅ ဦး တွေ့ရှိထားပြီ ဖြစ်ပါတယ်။

Magway Post မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က