ရန်ကုန်တိုင်းအတွင်းမှာတော့စာရင်းကောက်ယူနေပါပြီ။

COVID 19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်းမှာ နိုင်ငံအတွင်း အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအဆင်ပြေအောင် နိုင်ငံတော်က ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ 

ယခုအခါမှာ ဒုတိယအကြိမ် ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ စာရင်းကောက်ယူနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။



“ အခုက စာရင်းကောက်ယူနေတဲ့ ကာလဖြစ်ပါတယ်။ စာရင်းကောက်ယူနေဆဲကာလဖြစ်လို့ အခုဒုတိယအကြိမ်ထောက်ပံ့မယ့် စာရင်းမှာ အိမ်ထောင်စုဘယ်နှစ်ခုရှိမလဲဆိုတာမသိသေးသလို ထောက်ပံ့မယ့် ပစ္စည်းစာရင်းပြောဖို့ကလည်း အချိန်စောလွန်းနေပါသေးတယ်။ ပထမအကြိမ်ထောက်ပံ့တုန်းက စာရင်းကောက်ရာမှာ မပါတဲ့သူတွေလည်းရှိလို့ အခု ဒုတိယအကြိမ်မှာတော့ လိုအပ်ချက်တွေကိုကြည့်ပြီး အကောင်းဆုံးလုပ်နေတယ်” လို့ ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ 

နိုင်ငံတော်အနေနဲ့ ပထမအကြိမ် ထောက်ပံခဲ့စဉ်က ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်စတဲ့ စားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်ထောက်ပံ့စဉ်အချိန် စာရင်းကောက်ယူရာမှာ ရသင့်တဲ့သူတွေမပါခဲ့တဲ့ ဖြစ်စဉ်တွေက လူမှုကွန်ရက်မှာလည်း ပြန့်နှံ့မှုတွေရှိခဲ့ပြီး ယခုအခါမှာတော့ အိမ်ထောင်စုစာရင်းတွေကို သေချာ စိစစ်ပြီး ကောက်ယူနေတယ်လို့ ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က