COVID-19ရောဂါအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။
Mi Thawdar Aung

ပုံမှန်ဇွန်လဆန်းမှာ ဖွင့်လှစ်နေတဲ့အခြေခံပညာအတန်းတွေကို COVID-19 ရောဂါအခြေအနေကြောင့် ကျောင်းဖွင့်ချိန် တိတိကျကျ မသတ်မှတ်နိုင်သေးဘူးလို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားတဲ့ အခြေခံပညာအတန်းအောင်စာရင်းတွေကိုလည်း COVID-19 ရောဂါအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်လို့လည်း ဦးကိုလေးဝင်းကဆိုပါတယ်။

“ အောင်စာရင်းထုတ်ပြန်တာရော၊ ကျောင်းဖွင်ချိန်ရော ဘယ်တော့လောက်ဖြစ်မလဲပြောဖို့ဆိုတာ ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ အခြေအနေတွေအားလုံးတည်ငြိမ်သွားရင်တော့ ပုံမှန်ဖွင့်နိုင်မှာပါ။ ရောဂါဖြစ်ပွားမှုပိုဆိုးလာရင်တော့ ဖွင့်ဖို့ခက်ခဲနိုင်ပါတယ်။ နိုင်ငံတော်ညွှန်ကြားချက်ကို စောင့်ရမှာပေါ့” လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေဝင်းက ဆိုပါတယ်။

ဒါ့အပြင် အခုလက်ရှိမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးရမည့် ကိစ္စတွေကိုလည်း ရပ်နားထားတာကြောင့် တက္ကသိုလ်ဝင်အောင်စာရင်းတွေကလည်း ဇွန်လဆန်းမှာ ထုတ်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြာရေးမှူးချုပ် ဦးမျိုးညွှန့်က Duwun ကိုပြောပါတယ်။

“ COVID ကာလပြီးဆုံးတဲ့အချိန်မှာမှ ဆရာတို့က ပြန်တိုင်ပင်ရမယ်။ ကျောင်းဖွင့်ရင် လူစုလူဝေးတွေ ဖြစ်မှာဆိုတော့ လောလောဆယ် ဖွင့်ဖို့က မဖြစ်နိုင်သေးဘူးပေါ့။ အခုလက်ရှိတော့ ဆယ်တန်းစာမေးပွဲ အဖြေလွှာ အမှတ်ခြစ်တာ ရပ်နားထားပါတယ်” လို့ ဦးမျိုးညွန့်က ဆိုပါတယ်။

ဒါ့အပြင် ကျောင်းပိတ်ရက်ကာလအတွင်း အခြေခံဆရာဆရာမ သိန်းကျော်တက်ရောက်ရမယ့် သင်ရိုးသစ်သင်တန်းတွေကိုလည်း လက်ရှိအချိန်မှာ ယာယီရပ်နားထားရတယ်လို့လည်း ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်က COVID-19 ရောဂါပိုး ရှိသူ နှစ်ဦးကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် တက္ကသိုလ်အသီးသီးမှာ ဖြေဆိုနေတဲ့ တက္ကသိုလ်စာမေးပွဲတွေကိုလည်း ရက်အကန့်အသတ်မရှိ ယာယီရပ်နားလိုက်ကြောင်း ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က