မြို့နယ် ၅၇မြို့နယ်က အခြေခံပညာတက်ရောက်မယ့် ကလေးတွေအရေအတွက်ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းထွက်နိုင်ခြေများတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ရွေးချယ် ထောက်ပံ့ ပေးသွားမှာလို့သိရပါတယ်။

ဓာတ်ပုံ - Embassy of Denmark in Myanmar

ယခုစာသင်နှစ်တွင် မြို့နယ် ၅၇ မြို့နယ်က အခြေခံပညာ တက်ရောက်မယ့် ကလေး ၂၄၀,၀၀၀ (နှစ်သိန်းလေးသောင်း) ကျော် အတွက် ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ထောက်ပံ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးငယ်တွေအတွက် ပညာသင်စရိတ်ကို မိသားစုမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ အထူးသဖြင့် ကျောင်းစောထွက်ခြင်းကို တားဆီးဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတော်ကလည်း အများကြီး ထောက်ပံ့ထားပါတယ်။ဒိန်းမတ်လိုပဲ အခြားအဖွဲ့အစည်းတွေကလည်း ထောက်ပံ့ ကြပါတယ်။အဓိကကတော့ ကလေးငယ်တွေ ကျောင်းစောထွက်ခြင်းကို တားဆီးဖို့ ရည်ရွယ်တာပါ။အဲ့ဒီအတွက် ကျောင်းထွက်နိုင်ခြေ ရှိတဲ့ ကလေးငယ်တွေကို ရွေးချယ်ပြီး ထောက်ပံ့တာမျိုး ဖြစ်ပါတယ်။”လို့ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

မြို့နယ် ၅၇မြို့နယ်ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျောင်းထွက်နိုင်ခြေရှိတဲ့ ကလေးတွေကို ရွေးချယ်ပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“နိုင်ငံတကာရဲ့ စီးပွားရေးစစ်တမ်း သုတေသနတွေအရ မြန်မာနိုင်ငံမှာ ကျောင်းထွက်နှုန်းအများဆုံးက ဧရာဝတီတိုင်း ဖြစ်နေတယ်လို့ သိရတယ်။စီးပွားရေးကလည်း လတ်တလော တိုင်းတာချက်တွေအရအနိမ့်ဆုံးဖြစ်နေတာ တွေ့ရပါ တယ်။ကလေးတွေ ကျောင်းထွက်နှုန်းများနေတဲ့အတွက် အဲဒီလိုတွေ မဖြစ်အောင် ထောက်ပံ့ပေးတဲ့ သဘောပါ။”လို့ လည်း ဒေါက်တာ တင်မောင်ဝင်းက ဆက်လက်ပြောပါတယ်။

နိုင်ငံတော်အနေနဲ့လည်း စီးပွားရေး အခြေအနေကြောင့် ကျောင်းထွက်တာမျိုး မဖြစ်ရအောင် အခြေခံပညာ ကျောင်းသားတွေကို မူလတန်းကနေ အထက်တန်းအထိ အဆင့်လိုက် အခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ ပေးလျက်ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုးသန်း ခုနစ်သိန်းကျော်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကို နှစ်စဥ်ထောက်ပံ့ပေးလျက်ရှိတယ်လို့လည်း ဒေါက်တာ တင်မောင်ဝင်းရဲ့ ပြောပြချက်အရ သိရပါသေးတယ်။

ယခုလို ထောက်ပံ့မှုတွေ ဆက်တိုက် ပြုလုပ်လာတဲ့အတွက်လည်း ကျောင်းထွက်နှုန်းတွေ သိသိသာသာလျော့ ကျသွားတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က