ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာက ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားခြင်းမရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။ 

မနေ့က သြဂုတ်လ( ၂၇)ရ်နေ့ ညပိုင်းမှာတော့ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့မှုတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Duwun က အခြေခံပညာဦးစီးဌာနကို ဆက်သွယ် မေးမြန်းရာမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက အခုလို အတည်ပြုပြောကြားခဲ့တာပါ။



“မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလို ကျောင်းတွေတစ်နှစ်နားတယ်ဆိုပြီး ကြားနေရတာ။ တကယ်တော့ ဒီကိစ္စကို ကျွန်တော်တို့ဘက်က စာထုတ်ပြန်ထားခြင်းမရှိပါဘူး” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။  

အခြေခံပညာဦးစီးဌာနအနေနဲ့ စာသင်ကျောင်းတွေကို ကိုဗစ်ကြောင့် ယာယီပိတ်ထားဖို့ကိုသာ တရားဝင်စာထုတ်ပြန်ထားပြီး ဒီအထဲမှာ ကျောင်းတွေတစ်နှစ်နားမယ်ဆိုတဲ့အကြောင်းလည်းမပါဝင်ခဲ့ပါဘူး။ လက်ရှိမှာ တစ်နိုင်ငံလုံးက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို ကိုဗစ်ကြောင့် သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။ 

အခြေခံပညာကျောင်းတွေရဲ့ အထက်တန်းအဆင့်ကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဇူလိုင် (၂၁)ရက်နေ့စတင်ဖွင့်လှစ်ခဲ့ပြီးနောက် (၁)လကျော်အကြာမှာဘဲ ကိုဗစ်ကြောင့် ယာယီပြန်လည်ပိတ်သိမ်းခဲ့တာပါ။ ယာယီပိတ်သိမ်းတာဖြစ်တဲ့အတွက် အချိန်ကာလအားဖြင့် ဘယ်လောက်ကြာမြင့်မယ်ဆိုတာ မသိဘူးလို့ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က