မေလ နဲ့ အောက်တိုဘာလတွေမှာ ခွဲတက်ရမှာပါ။

အဝေးသင်တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ အရင်နှစ်တွေကလို စာမေးပွဲဖြေခါနီး မှ တက္ကသိုလ် ၁၀ ရက်တက်ရမယ့် အစား တစ်နှစ်ထဲမှာ ၅ ရက်စီခွဲလိုက်တာက ကျောင်းသားတွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေက ပြောဆိုမှုတွေရှိနေပါတယ်။



Photo - DEU

"၅ ရက်စီခွဲတက်ရမယ်ဆိုတော့ တချို့က အဆင်ပြေပေမယ့် တချို့တွေကတော့ အလုပ်တွေလုပ်နေကြတာဆိုတော့ ခွင့်ယူရတာ ခက်တာတွေ ဘာတွေရှိနိုင်သလို နယ်က ကျောင်းလာတက်တဲ့သူတွေအတွက်ကျတော့ နေရေးထိုင်ရေးကို ၂ ခါလောက်ပြန်ပြီး စီမံနေရတာတွေ အခက်အခဲတွေရှိနိုင်ပါတယ်။"လို့ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်တက်ရောက်နေတဲ့ မခိုင်ဇာက Duwun ကိုပြောပါတယ်။

ဒီနှစ်ထဲမှာ ပြောင်းလဲမယ့် စနစ်မှာတော့ မေလထဲမှာ ၅ ရက် ကျောင်းတက်ရမှာဖြစ်သလို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလထဲမှာ ၅ ရက်ခွဲတက်ရမှာဖြစ်ပြီး ဒါဟာ အဝေးသင်ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေမယ့်လို့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက Duwun ကိုပြောပါတယ်။

"ပထမ မေလထဲက ၅ ရက်မှာ စာတွေကို သင်ကြားနိုင်ပြီး ဒုတိယအကြိမ်တက်တဲ့ ၅ ရက်မှာတော့ ဆရာတွေနဲ့ အနီးကပ်မှာ နားမလည်တာတွေကိုမေးမြန်းနိုင်ပြီး အဆင်ပြေစေအောင်လုပ်ဆောင်တာပါ။"လို့ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက Duwun ကိုရှင်းပြပါတယ်။

ဒီလိုလုပ်ဆောင်ရတာဟာ Open University က အကြံပြုထားတဲ့ အချက်သုံးချက်ထဲကနေ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီမယ်ထင်တဲ့ အချက်ကိုယူပြီး လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က