Border Pass စနစ်နဲ့ ၁၄ ရက်အထိ ဖြတ်သန်းဝင်ရောက်ခွင့်ပြုပါတယ်။

မြန်မာ- အိန္ဒိယ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက်မှာ Border Pass စနစ်နဲ့ ဖြတ်သန်း သွားလာခွင့်ကို မနက်ဖြန် သြဂုတ်လ ၈ ရက်နေ့ကစပြီး ခွင့်ပြုပေးတော့မှာဖြစ်ပါတယ်။



 

မြန်မာနယ်ဖက်ကပြောရင် တမူးမြို့မှာရှိတဲ့ အဲ့ဒီဂိတ်ဖွင့်လှစ်ရေးအတွက် ပြီးခဲ့တဲ့ မေ ၁ဝ ရက်နေ့ကတည်းက နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးထားခဲ့တာဖြစ်ပေမယ့် သြဂုတ်လ ၈ ရက်နေ့မှာဖွင့်ပွဲနဲ့ အတူ စတင်ဝင်ထွက်ခွင့်ပြုတော့မှာလည်းဖြစ်ပါတယ်။

နယ်စပ်ဖြတ်ငန်းဝင်ရောက်လာသူတွေအနေနဲ့ နယ်စပ်ကနေ အထဲကို  ၁၆ ကီလိုမီတာ အကွာအဝေးအထိ ဝင်ထွက်ခွင့်ပြုထားပြီးတော့ တစ်ကြိမ်ဝင်ထွက်ခွင့်ကို ၁၃ ညအိပ် ၁၄ ရက်ခွင့်ပြုပေးမှာဖြစ်တယ်လို့ လဝက တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ဂိတ်ကိုဖြတ်သန်းဖို့အတွက် သက်တမ်းရှိတဲ့ နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးက ထုတ်ပေးတဲ့ ပြည်ဝင်ဗီဇာနဲ့ e-Visa ပါရှိတဲ့ မြန်မာနိုင်ငံသားများက အိန္ဒိယနိုင်ငံကို ဝင်ထွက်နိုင်မှာဖြစ်သလို အိန္ဒိယဖက်ကလည်း သက်တမ်းရှိသော နိုင်ငံကူး လက်မှတ်၊ သက်ဆိုင်ရာနိုင်ငံရဲ့ မြန်မာနိုင်ငံ သံရုံးကထုတ်ပေးတဲ့ ပြည်ဝင်ဗီဇာ ဒါမှမဟုတ် e-Visa ရှိတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ အိန္ဒိယနိုင်ငံသား မဟုတ်တဲ့ တခြားနိုင်ငံခြားသားများလည်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သံတမန်နိုင်ငံကူး လက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုသွားမယ်လို့လည်း နှစ်နိုင်ငံသံရုံးတွေက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က