တစ်နိုင်ငံလုံးက အငြိမ်းစားဝန်ထမ်းတွေကိုဦးရာလူစနစ်နဲ့ရောင်းပေးမှာပါ။

နိုင်ငံတာဝန်ကိုထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအနေနဲ့ အသက်ပြည့်လို့ အငြိမ်းစားယူတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်အောင် ဝန်ထမ်းအိမ်ယာများကို ဦးစားပေးဆောက်လုပ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံကပြောပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာပြောခဲ့တာဖြစ်ပြီး နိုင်ငံဝန်ထမ်းတွေဘက်ကလည်း တာဝန်တွေပြီးဆုံးလို့အငြိမ်းစားယူခဲ့ရင်တောင် ကိုယ့်အိမ်နဲ့ကိုယ်နေနိုင်တဲ့ အနေအထားမှာရှိချင်ကြတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ ဒါကလည်း ဝန်ထမ်းတွေအတွက်တကယ်လိုအပ်သလို ဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်လို့ ဝန်ထမ်းအိမ်ယာတွေကို ဦးစားပေးဆောက်လုပ်ပေးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တာပါ။

“ ဝန်ထမ်းတွေကို မေးကြည့်တော့ အများစုက အငြိမ်းစားယူတဲ့အခါမှာ ကိုယ့်အိမ်လေးနဲ့ကိုယ်နေချင်ကြတယ်လို့ပြောကြတယ်။ ဒါကလည်းဟုတ်ပါတယ်။ တသက်လုံးပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ရပြီးတဲ့အခါကျတော့ အငြိမ်းစားတဲ့ အချိန်ကျမှ ဘယ်သားသမီးနဲ့ သွားကပ်နေရမလဲ ၊ ဘယ်လိုနေရမလဲဆိုပြီး အဲဒီလိုအခြေအနေမျိုးမဖြစ်စေချင်ဘူး”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

အခုလို ဝန်ထမ်းအိမ်မယာတွေဆောက်လုပ်ပေးခြင်းက နိုင်ငံဝန်ထမ်းတွေအတွက်လည်းအဆင်ပြေသလို ပန်းရံ၊အလုပ်သမားတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရရှိတယ်လို့ဆိုပါတယ်။ 

လက်ရှိမှာလည်း နေပြည်တော်မှာ နိုင်ငံဝန်ထမ်း အငြိမ်းစားတွေအတွက် အိမ်ယာများကို ဇွန်လ(၁)ရက်နေ့ကစတင်ပြီး ရောင်းချပေးလျှက်ရှိနေပါတယ်။

ဒီအိမ်ယာတွေကိုလည်း မြန်မာတစ်နိုင်ငံလုံးက အငြိမ်းစားဝန်ထမ်းတွေအားလုံးလျှောက်ထားနိုင်ပြီး ဦးရာလူစနစ်နဲ့ရောင်းချပေးနေတာပါ။ 

မြေဧက (၇၀)ခန့်မှာ အခန်းပေါင်း (၃၀၀၀)ကျော်တည်ဆောက်မှာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ အခန်းတွေအပ်မှာဖြစ်တယ်လို့လည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှသိရပါတယ်။

နောက်ပိုင်းမှာလည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေအတွက် နေထိုင်ရေးမှာ အဆင်ပြေအောင် ဝန်ထမ်းအိမ်ယာတွေကို ဦးစားပေးဆောက်လုပ်သွားမယ်လို့လည်း သိရပါတယ်။











Share

Loading Next Article...
က္က