ကယ်ဆယ်ရေးလေယာဥ်််််နဲ့ ပြန်လာသူအားလုံး ရန်ကုန်မှာ ကွာရန်တင်း ဝင်ရမှာပါ။

အစိုးရအစီအစဉ်နဲ့ပြည်ပက ပြန်လာသူတွေအားလုံးကို ရန်ကုန်မှာ ကွာရန်တင်းဝင်စေပြီးမှသာ သက်ဆိုင်ရာ ဒေသ ကိုပြန်ခွင့်ပြုထားပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်လျက်ရှိရာမှာ ဒီနေ့ မေလ ၂၄မှာတော့ ဒုတိယအသုတ် အဖြစ် ၁၂၃ ဦးပြန်လည်ရောက်မယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ အိန္ဒိယနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ် ဆယ်ရေးလေယာဉ်တွေနဲ့ပြန်လည်ခေါ်ဆောင်လျက်ရှိတာပါ။

“ဒီနေ့မှာ အိန္ဒိယကတစင်းပြန်လာမှာပါ။ဒါက ဒုတိယအသုတ်ဖြစ်ပြီး ပြန်လာရင်တော့ ကျွန်တော်တို့အနေနဲ့ ရွာသာကြီးမှာ ထားရှိထားတဲ့ ကွာရန်တင်းနေရာမှာ စီစဉ်ပေးသွားမှာပါ။”လို့ ကွာရန်တင်းနေရာတွေနဲ့ ပတ်သက် ပြီး လိုက်ပါလုပ်ဆောင်လျက်ရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwunကို ပြောပါတယ်။

ဓာတ်ပုံ - Embassy of the Republic of the Union of Myanmar, New Delhi

ပြည်ပက ပြန်လာသူတွေကို အစိုးရအနေနဲ့ ရန်ကုန်မှာ စီစဉ်ထားတဲ့ ကွာရန်တင်းနေရာတွေမှာထားရှိပြီးမှ သက်ဆိုင်ရာ ဒေသတွေကို ပြန်ခွင့်ပြုထားပါတယ်။

လက်ရှိ ပြည်ပက ပြန်လာသူတွေထဲမှာ ပိုးတွေ့ရှိထားသူ ၁၉ဦးရှိပြီး ၁၁ဦးက မလေးရှားပြန်တွေဖြစ်ကာ ၈ဦးကတော့ ယူအေအီးပြန်တွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က