သြဂုတ်လ ၁၄ရက်နေ့ကိုပြန်လည်ခေါ်ဆောင်မှာပါ။
Ei Ei Htun

အိန္ဒိယနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကိုဗစ်ကာလအတွင်း ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာမှာ အခုအခါမှာတော့ စတုတ္ထအကြိမ်အဖြစ် ထပ်မံ ခေါ်ဆောင်ပေးနိုင်ရေး စီစဥ်ထားပြီ ဖြစ်တယ်လို့ နယူးဒေလီမြို့ရှိ မြန်မာသံရုံးက ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကယ်ဆယ်ရေး ပြန်လည် ခေါ်ဆောင်ပေးမယ့် ခရီးစဥ်ကိုတော့ လာမယ့် သြဂုတ်လ ၁၄ရက်နေ့ကို စီစဥ်ထားပြီး နယူးဒေလီမြို့ကို ဆုံရပ်မြို့အဖြစ် သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။



ကိုဗစ်ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး အထူးလေ ယာဥ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာမှာတော့ အိန္ဒိယနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၈၀ ကို တတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့တုန်းက ဂယာလေဆိပ်မှတဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

ဒုတိယအကြိမ်ပြန်လည်ခေါ်ဆောင်ပေးမှုကို ချန်နိုင်းလေဆိပ်ကတဆင့် မြန်မာနိုင်ငံသား ၁၂၃ဦး၊ ပထမအကြိမ်က နယူးဒေလီမြို့ကတဆင့် လူဦးရေ ၉၅ဦးကို အသီးသီး ခေါ်ဆောင်ထားတာဖြစ်တာလို့ အိန္ဒိယမှ စုစုပေါင်း ၂၉၈ ဦး ပြန်လည်ခေါ််ဆောင်ပြီး ဖြစ်ပါတယ်။

သြဂုတ်လ ၁၄ရက်နေ့မှာ စတုတ္ထအသုတ်အဖြစ် ခေါ်ယူမယ့် ခရီးစဥ်အတွက် လိုက်ပါလိုသူတွေအနေနဲ့ နယူးဒေလီမြို့ရှိ မြန်မာ သံရုံးကို ဆက်သွယ် သတင်းပေးပို့ရမှာဖြစ်သလို သတ်မှတ် အချက်အလက်တွေကိုလည်း ဖြည့်စွက်ကြရမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကနေ ကယ်ဆယ်ရေး လေယာဥ်နဲ့ ပြန်လာသူတွေထဲမှာ ရောဂါပိုး တွေ့ရှိခဲ့သူ ၆၃ ဦးရှိတဲ့အနက် ၄၁ ဦး ပြန်လည်သက်သာ ပျောက်ကင်းသွားပြီဖြစ်လို့ ကုသမှုခံယူဆဲလူနာက ၂၂ဦး ရှိနေပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author

  • Ei Ei Htun

    Content Writer/Reporter


က္က