မြန်မာနိုင်ငံအတွင်းဝင်ရောက်နိုင်ဖွယ်တော့မရှိပါဘူး။

အဆိုပါမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာတော့ နေရာကွက်ကြားမိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ သြဂုတ်လ(၇)ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။ မုန်တိုင်းငယ် (Depression) ဟာ လက်ရှိမှာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်နိုင်ဖွယ်မရှိတာကြောင့် အဝါရာင်အဆင့်သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဆိုပါမုန်တိုင်းငယ်ဟာ တစ်နာရီကို လေတိုက်နှုန်း (၄၅) မိုင်နှုန်းနဲ့တိုက်ခတ်မှာဖြစ်ပြီး နောက်(၁၂)နာရီအတွင်းကို ပိုမိုအားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ ဘလာဆောမြို့အနီးကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာပါ။




အဆိုပါမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာတော့ နေရာကွက်ကြားမိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ လေပြင်းတိုက်ခိုက်ခြင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းများဖြစ်ပေါ်နိုင်တာကြောင့် မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်ကြသူများ သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်ကို အကြံပြုထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က