၃ ယောက်ကဝိုင်းပြီး အဓမ္မကျင့်ခဲ့တာပါ။

ဉာဏ်ရည်မမှီသူ မိန်းကလေးကို အဓမ္မကျင့်ခဲ့တဲ့သူ ၃ ယောက်ကို ဇန်နဝါရီ လ ၁၅ ရက်နေ့ က မြဝတီခရိုင်တရားရုံးကနေ ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်လိုက်တယ်သိရပါတယ်။

Photo - ကရင်ပြည်နယ်ရဲတပ်ဖွဲ့

တရားခံတွေဖြစ်တဲ့ ကျော်မျိူးဦး(ခ)ဘာကယ်၊ ကျော်ဝေဦး(ခ)ကမာဖိုး၊နဲ့ကျော်မင်းထွေး(ခ)အိုမယ် တို့ကို ခရိုင်တရားရုံးကနေ ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် ၂၀ စီချမှတ်လိုက်တာလို့ တရားလိုရှေ့နေဖြစ်သူ ဦးမျိုးအောင်က Duwun ကိုပြောပါတယ်။

"အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ စီချမှတ်လိုက်တာပါ။ ကျွန်တော်ကတော့ နှစ်နာသူမိန်းကလေးဖက်ကနေ ဥပဒေ အရာရှိရဲ့ ကြီးကြပ်မှုနဲ့ လိုက်ပေးခဲ့တာပါ။"လို့ ရှေ့နေဦးမျိုးအောင်ကပြောပါတယ်။

အဲ့ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်နေ၊ အသက်(၁၅)နှစ်အရွယ် ဉာဏ်ရည်မမီသူဖြစ်တဲ့ မနီလာလွင်ဟာ ဆီးအိမ်အောင့်နေကြောင်း အတူနေ အဒေါ်ဖြစ်သူ ဒေါ်တင်စန်းရီကိုပြောပြတာကနေ အဓမ္မကျင့်မှုပေါ်ပေါက်ခဲ့တာပါ။

နီလာလွင်ရဲ့ပြောပြချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်လောက်က နေအိအိမ် အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်အခန်းတံခါးလာခေါက်တာကြောင့် အစ်ကိုဝမ်းကွဲဖြစ်သူထင်မှတ်ပြီး တံခါးထဖွင့်ပေးစဉ်မှာ မျက်နှာချင်းဆိုင် နေအိမ်မှာနေထိုင်တဲ့ ကျော်မျိုးဦး(ခ)ဘာကယ်ကနေ သူမကို ပါးစပ်ပိတ်ပြီး သူ့ရဲ့နေအိမ်ကိုခေါ်ဆောင်သွားကာ နေအိမ်အောက်ထပ်မှာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်းနဲ့ နောက်ထပ် အမျိုးသားနှစ်ဦးကလည်း သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် မြဝတီမြို့မရဲစခန်းက အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူသုံးဦးကို တရားစွဲဆိုခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်နေ့မှာ အမိန်ချလိုက်တာဖြစ်ပါတယ်။



က္က