မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားခုံးတံတားအောက်မှာ ဒီနေ့မနေ့က သေဆုံးလျက် တွေ့ရှိခဲ့တဲ့ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ မိဘတွေက ဘယ်သူတွေလဲဆိုတာ အခုထိ မသိရသေးပါဘူး။
Ei Ei Htun

မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားခုံးတံတားအောက်မှာ ဒီနေ့မနေ့က သေဆုံးလျက် တွေ့ရှိခဲ့တဲ့ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ မိဘတွေက ဘယ်သူတွေလဲဆိုတာ အခုထိ မသိရသေးပါဘူး။

အသက်(၇)နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့ အလောင်းကို မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူစတော့ဂိတ် မီးရထားခုံးတံတားအောက်မှာ ဒီကနေ့ သြဂုတ်လ ၂၁ရက်နေ့က တွေ့ရှိခဲ့တယ်လို မင်္ဂလာတောင်ညွန့်ရဲစခန်းကသိရပါတယ်။ လက်ရှိမှာ ဒီကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး မသင်္ကာတဲ့သူတစ်ဦးကို စခန်းမှာခေါ်ယူစစ်ဆေးနေတယ်လို့ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကလေးငယ်ရဲ့အလောင်းကို တွေ့ရှိခဲ့ရတဲ့ နေရာ (ဓာတ်ပုံ - Aung Kyaw Myint)

" ကလေးအလောင်းကို ဒီနေ့မနက်မှတွေ့တာ။ အလောင်းကပုပ်ပွနေပြီ။ သူ့မိဘတွေဘယ်သူလဲဆိုတာလည်း အခုထိမသိရသေးဘူး။ ပျံကျမှာ နေထိုင်တယ်လို့တော့ပြောတာပဲ။ အလောင်းကိုက အခုဆေးရုံမှာဆေးစစ်ချက်တွေ လုပ်ဆောင်နေတယ်။ အဖြေတော့မသိရသေးဘူး။ အခုမသင်္ကာတဲ့သူကိုလည်း ခေါ်ယူစစ်ဆေးတဲ့အဆင့်ပဲရှိသေးတယ်။ သေဆုံးမှုနဲ့ပတ်သက်လို့် အခုချိန်မှ ဘာမှအတိအကျပြောလို့မရသေးဘူး"လို့ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်မှူးက Duwun ကိုပြောပါတယ်။

ကလေးငယ်ရဲ့အလောင်းကို တွေ့ရှိခဲ့ရတဲ့ နေရာ (ဓာတ်ပုံ - Aung Kyaw Myint)

ဒီနေ့မနက်အစောပိုင်မှာတော့ မီးရထားဝန်ထမ်းတစ်ဦးက ကလေးအလောင်းကိုတွေ့ရှိခဲ့လို့ တာဝန်ရှိသူတွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်တွေမှာပြန့်နေသလိုမျိုး အခုမသင်္ကာလို့ စစ်ဆေးနေတဲ့သူက ကလေးရဲ့ မွေးစားဖခင်ဖြစ်ပြီး ကလေးကိုတောင်းစားခိုင်းတာကို မလုပ်လို့ ရိုက်ရင်းလက်လွန်ပြီးသေဆုံးခဲ့တာဆိုတဲ့ အကြောင်းကိုတော့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလို့မရသေးဘူးလို့ ဆိုပါတယ်။


က္က