ပြည်သူ့လွှတ်တော်က တင်လာတဲ့ ဥပဒေကြမ်းကိုပြင်ဆင်တင်သွင်းခဲ့တာပါ။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်ပြည့်မှသာ လက်ထပ်နိုင်မယ့် ဥပဒေကြမ်းကို ဇန်နဝါရီ ၂၁ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။


Photo - အမျိုးသားလွှတ်တော်- Facebook

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း အချက်ပါဝင်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်အတာ်ပြုခဲ့ပါတယ်။ အဲ့ဒီ ဥပဒေကြမ်းထဲမှာ အသက် ၁၈ နှစ်မပြည့်လည်း လက်ထပ်နိုင်တယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေပေါ်ထွက်လာခဲ့ပြီးနောက်မှာတော့ အမျိုးသားလွှတ်တော်မှာ အဲ့ဒီအချက်ကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ထိမ်းမြှားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေမှာ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ဖြစ်နေရင် ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေအရ မကိုက်ညီတော့တာကြောင့်ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကနေပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကလေးတွေကို စောလျင်စွာ လက်ထပ်ခွင့်ပြုခြင်းဟာ ကလေးတွေရဲ့ အနာဂတ်မှာ ထိခိုက်စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေကြသလို မြန်မာ့ထုံးတမ်းစဉ်လာဥပဒေအတိုင်း ဖြစ်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တင်သွင်းထားတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ မကြာခင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီအချက်အပါအဝင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေကြမ်းကို အတည်ပြု မပြု ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က