ကျန်ရှိတဲ့ အကျဉ်းသားတွေကိုလည်း စိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့်ပေးမယ်လို့ သိရပါတယ်။

မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၅၀၀ ကျော်ကို ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

Photo - Myanmar President Office

မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်စခန်း အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား/သူ ၉၅၃၅ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပေဒပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးကိုလည်း ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်ဆိုပြီး ကြေညာခဲ့တာပါ။ ကျန်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူတွေထံက လွှတ်သင့်လွှတ်ထိုက်သူတွေကိုလည်း စနစ်တကျ စိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က