၂၀၁၉ ခုနှစ်သြဂုတ်လမှာ သွားရောက်မှာလို့ သိရပါတယ်။

ခါကာဘိုရာဇီတောင်ရဲ့ အမြင့်ပေကိုလာမယ့်နှစ်မှာ မြန်မာနိုင်ငံသားသုံးဦးက တိုင်းတာသွားမှာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့မှာပါဝင်မယ့် ကိုပြည့်ဖြိုးအောင်က  Duwun  ကိုပြောပါတယ်။ အဲ့ဒီလို တောင်တက်မယ့် ခရီးစဉ်ကိို ၂၀၁၈ သြဂုတ်လအတွင်းမှာ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်နှစ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်



ဧဝရတ်တောင်တက်ရောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံသားသုံးဦး

“မြန်မာပြည်မှာရှိတဲ့ခါကာဘိုရာဇီ ၅၈၈၁ မီတာ က အိန္ဒိယမြေပုံအညွန်းကိုယူသုံးထားတာ။ ရှရှားနဲ့ အမေရိကန် MAP မှာက ဂမ်လန်ရာဇီက အမြင့်ဆုံးလို့ပြထားတယ်။ အိန္ဒိယမြေပုံအညွှန်းမှာကတော့ ခါကာဘိုရာဇီက အမြင့်ဆုံါ်ဖြစ်နေတော့ တိတိကျကျတိုင်းဖို့ လိုလို့ ၂၀၁၄ မှာတိုင်းရင်းနဲ့ သူငယ်ချင်းတွေက ပျောက်သွားတာ။ အဲ့တာဝန်က အခုကျွန်တော်တို့ ပြန်တိုင်းဖို့လုုပ်မယ်။” လို့ ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။

အဲ့ဒီလိုတောင်တက်မယ့်အစီအစဉ်ကို ထူးဖောင်ဒေးရှင်းက ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးရေခဲတောင်လို့ ယူဆရတဲ့ ခါကာဘိုရာဇီတောင်ကို ၂၀၁၄ ခုနှစ်မှာ သဘာဝခေါ်သံဖောင်ဒေးရှင်းက ကိုဝေယံမင်းသူနဲ့ ကိုအောင်မြင့်မြတ်တို့က တက်ရောက်တိုင်းတာဖို့ သွာရောက်ခဲ့ပေမယ့်  ရေခဲတောင်ပေါ်မှာပဲ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံက တောင်တက်အဖွဲ့က တက်ရောက်ခဲ့ပေမယ့် အမြင့်ပေကို တိုင်းတာနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

ခါကာဘိုရာဇီတောင်ကို တက်ရောက်မည့် ကိုပြည့်ြုဖိးအောင်

၁၉၉၆ ခုနှစ်တုန်းက ခါကာဘိုရာဇီတောင်ထိပ်ကိုမြန်မာနိုင်ငံသားနမားဂျွန်ဆင်နဲ့ ဂျပန်နိုင်ငံသားတစ်ဦးတို့က တောင်ထိပ်အထိတက်ရောက်နိုင်ခဲ့ပေမယ့် တောင်ရဲ့ အမြင့်ကို တိုင်းတာနိုင်ခဲ့ခြင်းမရှိပါဘူး။

ခါကာဘိုရာဇီတောင်ရဲ့အမြင့်က အိန္ဒယနိုင်ငံရဲ့ မြေပုံအညွှန်းကိန်းမှာ ၅၈၈၁ မီတာလို့ညွှန်းဆိုထားပြီးတော့ ရုုရှားနဲ့ အမေရိကန်မြေပုံမှာ ဂမ်လန်ရာဇီက အမြင့်ဆုံးလို့ ညွှန်းဆိုထားပါတယ်။

အဲ့ဒီလိုညွှန်းဆိုချက် မှန်မှန်သိရဖို့ ၂၀၁၃ ခုနှစ်မှာ ဂမ်လန်ရာဇီကို မြန်မာ-အမေရိကန်ပူးပေါင်းပြီးတိုင်းတာခဲ့ရာမှာတော့ ၅၈၇၀ မီတာလို့ တိုင်းတာရရှိခဲ့တာကြောင့် ခါကာဘိုရာဇီရဲ့ အမြင့်ကို တိုင်းတာနိုင်ဖု့ိ လိုအပ်တာကြောင့်သွားရောက်မှာဖြစ်တယ်လို့ ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။

၂၀၁၉ မှာတိုင်းတာမယ့် အချိန်ကိုတော့ ကချင်ပြည်နယ်မှာ ရေခဲနည်းမယ့် သြဂုတ်လလောက်ကို သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က