ထိတွေ့ထားသူ(၈)ဦးထဲက (၅)ဦးမှာရောဂါပိုးတွေ့ရှိခဲ့တာပါ။

ဩဂုတ်လ (၂၉)ရက်နေ့ညက ထုတ်ပြန်တဲ့ လူနာစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ လူနာနံပတ် (၇၀၁)က သာကေတမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ပလာဇာတစ်ခုမှာ ဖုန်းပြင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူ့မှာ ပိုးတွေ့ရှိခဲ့ပြီးနောက် သူနဲ့ထိတွေ့ထားသူ (၈)ဦးကို ကွာရန်တင်းထားရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ (၅)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါပိုးတွေ့လူနာ (၅)ဦးက ဒီကနေ့ည (၈)ထုတ်ပြန်ချက်မှာ ပါရှိခဲ့တာဖြစ်ပြီး သာကေတမြို့နယ်စာရင်းမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။



“ဒီညပိုးတွေ့ (၅)ဦးက ကနဦး လူနာအမှတ်(၇၀၁)နဲ့ ထိတွေ့ထားတဲ့သူတွေပါ။ လူနာအမှတ် (၇၀၁)မှာ ပိုးတွေ့တော့ သူနဲ့ ထိတွေ့ထားသူတွေကို စာရင်းကောက်ပြီး ကွာရန်တင်းထားခဲ့တယ်။ အားလုံး (၈)ယောက်ရှိတယ် ။ အဲဒီထဲက ခု (၅)ဦးမှာ ပိုးတွေ့ခဲ့တာပါ”လို့ သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက Duwun ကိုပြောပါတယ်။ 

ဒီကနေ့ည ပိုးတွေ့လူနာ (၅)ဦးနဲ့ ထိတွေ့ထားသူတွေကိုလည်း စုံစမ်းဆောင်ရွက်မယ်လို့ သိရပါတယ်။ ဒီကနေ့ည သာကတေက ပိုးတွေ့လူနာ (၅)ဦးနဲ့ထိတွေ့ခဲ့တဲ့ လူနာအမှတ် (၇၀၁)က အတည်ပြုလူနာတွေနဲ့လည်းထိတွေ့ထားခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို၊ ရခိုင်ပြည်နယ်ကိုလည်း သွားလာထားခြင်းမရှိဘဲ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ 

နေထိုင်မကောင်းလို့ ရန်ကုန်ဆေးရုံကြီးကို သွားပြခဲ့ရာကနေ (၂၉)ရက်နေ့ညပိုးတွေ့လူနာစာရင်းထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူအလုပ်လုပ်တဲ့ ဖုန်းဆိုင်ကိုတော့ lock down လုပ်ထားပြီး ထိတွေ့ထားသူတွေကို ကွာရန်တင်းထာရှိခဲ့ရာကနေ နောက်ဆက်တွဲ (၅)ဦးမှာ ပိုးထပ်တွေ့ခဲ့တာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က