လူနာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နေထိုင်မကောင်းဖြစ်နေခဲ့တာပါ။

သာကေတမြို့နယ် (၂) မြောက်ရပ်ကွက်၊ တိုးချဲ့ (၁)လမ်းမှာနေထိုင်တဲ့ ကိုဗစ်အတည်ပြုလူနာ ၇၀၁ မှာ ပလာဇာတစ်ခုက ဖုန်းဆိုင်မှာ ဖုန်းပြင်တဲ့အလုပ်လုပ်သူဖြစ်ပြီး ပိုးမတွေ့ခင် သြဂုတ်လ၂၅၊ ၂၆ ရက်လောက်က ဆိုင်ကို သွားခဲ့တယ်လို့ သိရကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

လူနာအမှတ် ၇၀၁ ဟာ မနေ့ (သြဂုတ်လ ၂၉) ရက် ည ၈ နာရီထုတ်ပြန်တဲ့ ပိုးတွေ့လူနာ စာရင်းထဲမှာပါဝင်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို ရခိုင်ပြည်နယ်ကို သွားလာခဲ့ခြင်းမရှိဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသနေရင်း ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။



ဓာတ်ပုံ- အောင်ဇေယျလူမှုကူညီရေးအဖွဲ့

လူနာဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နေထိုင်မကောင်းဖြစ်နေတာကြောင့် အလုပ်ကနေ ခွင့်ယူထားပြီး သြဂုတ်လ ၂၅၊၂၆တွေအတွင်း အလုပ်ကို ပြန်သွားခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် သြဂုတ်လ၂၇ ရက်မှာ အနံ့မရလို့ ရန်ကုန်ဆေးရုံကြီးကို သွားပြခဲ့တယ်လို့ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်က Duwun ကိုပြောပါတယ်။

“ကျွန်တော်တို့သိသလောက်ကသူက ပြီးခဲ့တဲ့ရက်ပိုင်းတွေတည်းက နေသိပ်မကောင်းဘူးလို့ ပြောတယ်။ဆိုင်ကိုလည်း မသွားဖြစ်ဘူးပေါ့။ ဒါပေမယ့် ၂၅၊ ၂၆ မှာတော့ ဆိုင်ကို သွားသေးတယ်။ ၂၇ ရက်မှာတော့ အနံ့မရတော့ ရန်ကုန်ဆေးရုံကြီးမှာ သွားစစ်တော့ ၂၉ ရက်ညမှာ ပိုးတွေ့တယ်လို့ အဖြေထွက်တာပေါ့။ လူနာ အလုပ်လုပ်တဲ့ ဖုန်းဆိုင်ကတော့ ကျန်းမာရေးဌာနဘက်က လော့ဒေါင်းလုပ်မယ်လို့တော့ပြောပါတယ်။ ” လို့ ဒေါက်တာ ဝေဖြိုးအောင်က ဆိုပါတယ်။

လက်ရှိမှာ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ လူနာရဲ့ ဇနီး၊ကလေးအပါအဝင် မိသားစုဝင် (၄) ဦးကို ဒီကနေ့ သြဂုတ်လ ၃၀ ရက် မနက် (၂) နာရီဝန်းကျင်လောက်မှာပဲ ရွှေပြည်သာမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ် ကွာရန်တင်းစင်တာကို ပို့ဆောင်လိုက်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လူနာ အမြဲဝင်ထွက်သွားလာနေတဲ့ လူနာနဲ့ တစ်အိမ်မှာကျော်မှာနေထိုင်သူ မိဘနှစ်ပါးအပါအဝင်မိသားစုဝင်(၄) ဦးကိုလည်း နေအိမ်ကွာရန်တင်းလုပ်ထားပြီး လူနာနေထိုင်တဲ့ လမ်းတစ်ခုလုံးကို အသွားအလာကန့်သတ်ထားလိုက်ပြီလို့ အောင်ဇေယျလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေက ပြန်လာသူ (၁၅) ဦးရှိနေပြီး သူတို့ကို ဓာတ်ခွဲနမူနာစစ်ဆေးဖို့ သြဂုတ်လ ၂၉ ရက်က အဓိပတိဆောင် ကွာရန်တင်းစင်တာကို ပို့ဆောင်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က