ဇူလိုင် (၁)ရက်နေ့ကနေ စက်တင်ဘာလကုန်ထိပိတ်သိမ်းလိုက်တာပါ။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုကို ဇူလိုင် ၁ ရက်ကစပြီး ၃ လအကြာ ရပ်ဆိုင်းလိုက်ပြီလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကသိရပါတယ်။

မိုးတွင်းလာလမှာ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကနေ နွံ့ကန်ကျိုးပေါက်ခြင်း၊ မြေပြိုကျမှုတွေကြောင့် လူသေဆုံးခြင်း၊ စက်ယန္တရားနဲ့ လူနေအိမ် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ၃လ ရပ်နားလိုက်တာဖြစ်ပြီး မနေ့ကဖြစ်စဉ်က အဆိုးဆုံးဖြစ်ခဲ့ရပါတယ်။

“ မိုးရာသီ ၃ လတာကာလမှာ ကျောက်စိမ်းတူးဖော် ထုတ်လုပ်နေတဲ့ လုပ်ငန်းမှန်သမျှ ခွင့်ပြုတော့မှာ မဟုတ် ပါဘူး။ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လပေါ့နော် ယာယီ ရပ်ဆိုင်းလိုက်တာပါ။ ရပ်ဆိုင်းလိုက်တဲ့ ကာလ အတွင်း အန္တရာယ်ဖြစ်နိုင်တဲ့ လုပ်ကွက်တွေကို ကော်မတီ က မြေပြင်အခြေအနေတွေ စစ်ဆေးပြီး ကြိုတင်ကာ ကွယ်တဲ့ အစီအမံတွေဆောင်ရွက်သွားမယ်”လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။ 

ကျောက်စိမ်းတူးဖော်ခွင့် (၃)လတာရပ်နားခံလိုက်ရတဲ့ နယ်မြေတွေက လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ခန္တီး ရတနာနယ်မြေ၊ မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့ ဖြစ် ပါ တယ်။

ဒီလို ရပ်နားစဉ်ကာလအတွင်း မလိုလားအပ်တဲ့ ပြဿနာ ဖြစ်တွေ မဖြစ်ပေါ်ဖို့အတွက် ကျောက်မျက် ရတနာကုမ္ပဏီတွေ လိုက်နာဆောင်ရွက် ရမယ့် အချက် ၁၀ ချက်နဲ့အတူ ကျောက်စိမ်းတူးဖော်ခွင့်ရပ်နားကြောင်းကို ဇူလိုင်လ ၂ ရက်နေ့မှာ ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့တာပါ။ 

အဆိုပါအသိပေးချက်ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ မနေ့က ဖားကန့်မြေပြိုကျမှု ဖြစ်ပွါးခဲ့တာပါ။

ဒီဖြစ်စဉ်အတွင်းမှာတော့ ဒီကနေ့ နေ့လယ် (၁၂)ထိသိရတဲ့ အချက်အလက်တွေအရ သေဆုံးရုပ်အလောင်း (၁၆၇)ဦးနဲ့ ဒဏ်ရာရရှိသူ (၄၈)ဦးကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


Share

Loading Next Article...
က္က