လူဦးရေ (၁၇၀)ကျော် သေဆုံးခဲ့တာပါ။
Ei Ei Htun

ဇူလိုင် (၂) ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ဖားကန့်မြေပြိုမှုမှာ အသက်ပေါင်းများသွာ ဆုံရှုံးခဲ့ရတဲ့မတွက် လွန်စွမှာ ဝမ်းနည်းမိကြောင်းကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်က လူ့အသက်ဆုံးရှုံးရခြင်းထက် အသက်ရှင်သန်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကိုပါ ဆုံးရှုံးခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ(၄)ရက်နေ့ မနက်(၉)နာရီထိ ဖြစ်စဉ်အတွင်းသေဆုံးသူ ရုပ်အလောင်း (၁၇၄)နဲ့ ဒဏ်ရာရရှိသူ (၅၄)ဦးရှိတယ်လို့သိရပါတယ်။ ဒီလိုအချိန်မှာ သေဆုံးခဲ့တဲ့သူတွေနဲ့ ထိခိုက်နစ်နာခဲ့ရရှိသူတွေအတွက် သင့်လျော်တဲ့ ပြန်လည်ကုစားပေးမှုများကို စာနာထောက်ထား စဉ်းစားရန် အချိန်သင့်ပြီလို့ လူ့အခွင့်အရေးကော်မရှင်က ထောက်ပြပြောဆိုခဲ့ပါတယ်။

“လက်ရှိအချိန်ထိလည်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရဆဲဖြစ်သလို သေဆုံးသွားသူတွေအတွက်ကိုလည်း အကောင်းဆုံးဖြစ်အောင်ကူညီဖို့အတွက် စဉ်းစားရမှာဖြစ်တယ်”လို့ ဖားကန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ဖားကန့်ဒေသကျောက်စိမ်း တူးဖော်ခွင့်လုပ်ငန်းကို ဇူလိုင် (၁)ရက်နေ့ကနေ စက်တင်ဘာလကုန်ထိ (၃)လပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ မြေပြိုမှုဖြစ်စဉ်အတွင်း သေဆုံး ဒဏ်ရာရရှိခဲ့တဲ့သူတွေအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က သိန်း (၅၀၀)၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက သိန်း(၅၀၀)၊တပ်မတော် ကြည်း၊ရေ၊လေ မိသားစုက သိန်း(၅၀၀)နဲ့ တခြားအလှူရှင်များကလည်း ထည့်ဝင်လှူဒါန်းမှုတွေရှိတယ်လို့ သိရပါတယ်။


Author


က္က