ဖားကန့်-မိုးကောင်းကားလမ်းစစ်ဆေးရေးဂိတ်မှာ တွေ့ရှိခဲ့တာပါ။

ဖားကန့်မြို့ ဖားကန်-မိုးကောင်းကားလမ်း စစ်ဆေးရေးဂိတ်မှာ တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၅၉၀ တုံး သယ်ဆောင်လာခဲ့တဲ့ ယာဉ်ကိုဖမ်းမိခဲ့တယ်လို့ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။


Photo- Ministry of Home Affairs, Myanmar



ဇန်နဝါရီလ ၆ ရက် နေ့လယ် ၂ နာရီလောက် ဖားကန့်မြို့နယ်၊ကာမိုင်းမြို့၊ ဖားကန့်- မိုးကောင်းကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖားကန့်ကနေ ကာမိုင်းကို မောင်းလာတဲ့ Skat ယာဉ်ကို တားဆီးစစ်ဆေးရာ မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

တရားမဝင်ကျောက်စိမ်းအရိုင်းတုံးတွေသယ်ဆောင်လာတဲ့သတင်းအရ ကာမိုင်းနယ်မြေရဲစခန်း တာဝန်ရှိသူအဖွဲ့က လိုက်လံဖမ်းဆီးရာ ကာမိုင်းမြို့၊ အင်းတော်ချောင်းတံတားမှာ ဖမ်းဆီးမိခဲ့ပြီး ယာဉ်ရဲ့ ကိုယ်ထည်ကြံခင်းအတွင်း အံဝှက်လုပ်ပြီးသယ်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး ၅၉၀ တုံး(အရွယ်ဆိုဒ်စုံ)၊ အလေးချိန် ၂၂၀၀ ကီလိုခန့်သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

သယ်ဆောင်လာသူ ယာဉ်မောင်းသန့်ဇင်အောင်ကို ကာမိုင်းနယ်မြေရဲစခန်း(ပ)၁/၂၀၁၉၊ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က