ဒီနေ့မနက်အစော ၃ နာရီခွဲလောက်ကဖြစ်သွားတာပါ။
Mi Thawdar Aung

ဖားကန့်၊  ဝှေခါကျောက်စိမ်းလုပ်ကွက်အတွင်း ဒီကနေ့ ဇူလိုင်လ ၂၀ရက်နေ့ မနက်အစောပိုင်းက မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် အိမ် ၁၂ လုံးနီးပါးခန့်ပြိုကျသွားတယ်လို့ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက ပြောပါတယ်။

"သက်ဆိုင်ရာက ပြောင်းရွှေ့ခိုင်းလို့ ဖျက်နေရင်းတန်းလန်းပါသွားတာပါ။တချို့ကလည်း ဒီနေ့နှ ဖျက်မယ့်အိမ်တွေပါ။ ဒီနေ့ မနက် ၃ နာရီ ခွဲလာက်က ဖြစ်သွားတာပါ။အဲ့ဒီအိမ်တွေက လူမနေထိုင်တော့လို့လူထိခိုက်မှုတော့မရှိဘူး။အဲ့ဒါတွေက မြေကြေးလဲပေးပြီးသား အိမ်ဝိုင်းကွက်လဲပေးပြီးသား။ဖျက်တာတော့ ၂ ရက်လောက်ရှိပြီ၊ ဒီနေ့မှပါသွားတာ။"ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက ပြောပါတယ်။

Photo- အောင်ဇော်မိုး(ဖားကန့်)

မြေပြိုမှုကြောင့် အိမ် ၁၂ လုံး ပြိုကျသွားခဲ့ပေမယ့် လတ်တလော စုံစမ်းမှုတွေအရလူတွေတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့သိရပါတယ်။

ေဝှခါ ေမှာ်အတွင်းမှာ ဖျက်ရမယ့် အိမ်စာရင်းအရေအတွက်က ၃၉ လုံးရှိပြီး အားလုံးကိုဖျက်ခိုင်းထားပြီး နောက်ထပ်လည်းအိမ် ၃၀ ကျော်လောက်ရှိသေးကြောင်း၊ အန္တရာယ်ရှိပါက ဖျက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Photo- အောင်ဇော်မိုး(ဖားကန့်)

လက်ရှိ မှာကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်မှုကို ဇူလိုင် ၁ ရက်ကစပြီး ၃ လအကြာ ရပ်ဆိုင်းထားတာကြောင့် မှော်အတွင်း ဆောက်ထားတဲ့ အိမ်တွေထဲက အန္တရာယ်ရှိနိုင်မယ့် နေအိမ်တွေကို ဖြိုဖျက်နေကြာတာလည်းဖြစ်ပါတယ်။

ဒီကနေ့ ဝှေခါမှော်မြေပြိုမှုဟာ ဇူလိုင်လအတွင်းဒုတိယအကြိမ်မြေပြိုခြင်းဖြစ်ပါတယ်။ပထမအကြိမ်မြေပြိုမှာတော့ လူပေါင်း၁၇၀ ကျော်နဲ့ စံချိန်တင်သေဆုံးမှုဖြစ်ခဲ့ရပြီး ဒဏ်ရာရရှိသူလည်း ၇၀ ကျော်လောက်အထိ ရှိခဲ့ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


Author

  • Mi Thawdar Aung

    Content Editor/Reporter


က္က