မြန်မာ တံဆိပ်တွေလည်းပါပါတယ်။

အရက်တုတွေ သောက်သုံးမိတာကြောင့် မြန်မာ လူမျိုး ၂ ယောက်သေဆုံးပြီး ၅ ယောက်ဆေးရုံတင်ထားရပါတယ်။



Photo - The Straits Times

အရက်တုတွေ သောက်သုံးမိတာကြောင့် မြန်မာ လူမျိုး ၂ ယောက်သေဆုံးပြီး ၅ ယောက်ဆေးရုံတင်ထားရတယ်လို့ မလေးရှားရဲတပ်ဖွဲ့ကို ကိုကားပြီး မလေးရှားက မီဒီယာတွေမှာဖော်ပြပါတယ်။

အဲ့ဒီဖြစ်ရပ်ဟာ ဇွန်လ ၁၁ ရက်နေ့က နေ ၁၄ ရက်နေ့အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေနဲ့ ဆောက်လုပ်ရေးသမားတွေဖြစ်တယ်လို့ The Straits Times သတင်းစာမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်နေ့ကတော့ မလေးရှားနိုင်ငံရဲ့မြောက်ပိုင်းမှာ တရားမဝင်အရက်တွေနဲ့ တခြားအရည်တွေကိုဖမ်းဆီးရမိခဲ့သေးတယ်လို့ မလေးရှားအာဏာပိုင်တွေကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အရက်တွေထဲမှာ မြန်မာပြည်တွင်းထုတ် နာမည်နဲ့အရက်တွေလည်းပါနေတာကိုတွေ့ရတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်းမှာလည်း အဲ့ဒီလို တရားမဝင်ရက်တွေသောက်သုံးလို့ သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး အမှုပေါင်း ၆ မှုဖြစ်ပွားခဲ့တယ်လို့ မလေးအာဏာပိုင်တွေကဆိုပါတယ်။

အရက်တုတွေနဲ့အတူဖမ်းဆီးရမိသူတစ်ဦးရှိနေပြီးတော့ သူ့ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ဇွန်လ ၁၇ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလအတွင်းကလည်း အရက်တုသောက်မိလို့ အနည်းဆုံး လူ ၂၉ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဆေးကုသခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က