နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်လွှတ်ပေးခဲ့တာပါ။

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်စခန်းအသီးသီး က အကျဉ်းသားအကျဉ်းသူ ၂၄၈၉၆ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီလို့ နိုင်ငံတော်သမ္မတအမိန်နဲ့ ဒီနေ့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Photo -အင်းစိန်အကျဉ်းထောင်ရှေ့မှာလာရောက်စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့ရစဉ်။


မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းရေးနဲ့လူသားချင်းစာနာမှုကို ထောက်ထားတဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ ၈၇ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ကြေညာလိုက်ပါတယ်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အကျဉ်းသားတွေကို COVID-19 ရောဂါ စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအသိပညာပေးတာတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒါ့အပြင် သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ လွတ်ရက်မရှိ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေရန်၊ နှစ်အကန့်အသတ်မရှိနဲ့ နှစ် ၄၀ အထက် ထောင်ဒဏ် ကျခံနေရတဲ့အကျဉ်းသားတွေကိုတော့ နှစ် ၄၀ ကျခံစေရန်၊ နှစ် ၄၀ အောက်ကျခံနေရတဲ့အကျဉ်းသားတွေကို သူတို့ကျခံနေရတဲ့ထောင်ဒဏ်ရဲ့ ၄ ပုံ ၁ ပုံကို လျှော့ပေါ့ကျခံစေရန်ဆိုပြီး နိုင်ငံတော်သမ္မတက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လွတ်မြောက်အကျဉ်းသားတွေကို ယခင်ကလို ထောင်ဗူးဝကနေ တိုက်ရိုက်လွှတ်ပေးမှာမဟုတ်ပဲ သက်ဆိုင်ရာ မြို့နယ်အလိုက်ရဲစခန်းတွေကို တိုက်ရိုက်ပို့ဆောင်ပြီးမှ စေလွှတ်မယ်လို့လည်း အင်းစိန်ထောင်ရှေ့မှာ သတင်းသွားရောက်ရယူနေတဲ့ Duwun သတင်းထောက်ရဲ့သတင်းပေးပို့မှုအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က