One to One ပြည်သူ့ကူညီရေးအဖွဲ့ကလုပ်တာပါ။
Mi Thawdar Aung
မန္တလေးမှာ ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးဖို့ မတတ်နိုင်တဲ့သူတွေကို အခမဲ့ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို မန္တလေးမြို့ One to One ပြည်သူ့ကူညီရေးအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ပြည်သူ့ဆေးရုံတွေမှာ အခမဲ့ထိုးပေးနေတဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေ ပြတ်လာနေတာကြောင့် ခွေးကိုက်ခံရပြီး ကာကွယ်ဆေးထိုးဖို့ မတတ်နိုင်တဲ့သူတွေကို ဦးစားပေးထိုးနှံပေးတောဖြစ်တယ်လို့ အဆိုပါအဖွဲ့မှ ခေါင်းဆောင် ကိုစိုင်းနေမျိုးမောင်မောင် (ကိုဝမ်း) က Duwun ကိုပြောပါတယ်။



"ဆေးရုံတွေမှာ ကာကွယ်ဆေးက ပြတ်သွားတော့ ဆေးတွေကို အပြင်ဆေးဆိုင်တွေက ဝယ်ခိုင်းတယ်။ ဆေးတစ်လုံးက တစ်သောင်းကျော်ဆိုတော့ တခါထိုးရင် လေးလုံး ထိုးရတော့ဆင်းရဲနွမ်းပါးတဲ့လူနာတွေက မတတ်နိုင်ကြဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ကူညီပေးတာပါ။ ကာကွယ်ဆေးလေးလုံးထိုးစနစ်နဲ့ အခမဲ့ထိုးနှံပေးတာပါ” လို့ ကိုဝမ်းက ဆိုပါတယ်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးဖို့ မတတ်နိုင်တဲ့သူတွေ ကို ဆေးထိုးနှံဖို့ညွှန်ကြားစာနဲ့ ဆေးဝယ်ဖို့ တကယ်မတတ်နိုင်ကြောင်း ရပ်ကွက်ထောက်ခံစာပါ ယူလာရမှာ ဖြစ်ပြီး မန္တလေးမြို့ ၂၇လမ်း ၇၂လမ်းနှင့် ၇၃လမ်းကြား ISO ဆေးဆိုင် ဖုန်း ၀၉-၉၆၉၈၀၀၉၆၉ကို ဆက်သွယ်ပြီး လာရောက်ထိုးနှံနိုင်တယ်လို့သိရပါတယ်။

အချို့လူနာတွေကို ကာကွယ်ဆေးအပြင် အဆိပ်ဖြေဆေး Rabies Immunoglobulin ဆေးပါထိုးနှံပေးရတယ်လို့ ဆိုပါတယ်။အဆိုပါ အခမဲ့ထိုးနှံပေးခြင်း အစီအစဉ်ကို ယခုနှစ် မတ်လ က စတင်ခဲ့တာဖြစ်ပြီး ၁၀ ယောက်ခန့်၊ ကာကွယ်ဆေး ၂၈ လုံး ထိုးနှံပေးခဲ့ပြီးလို့ သိရပါတယ်။

လက်ရှိမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးအလုံး ( ၁၀၀ )၊ လူနာ၂၅ဦးအတွက် ငွေကျပ်တစ်ဆယ့်ငါးသိန်း မတည်ထားပြီး ပါဝင်ကုသိုလ်ပြု လှူဒါန်းလိုသူတွေအနေနဲ့ ဖုန်း ( ၀၉-၇၆၅၇၆၅၁၇၉) ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က