loading...

loading...

loading...

တိုင်းအစိုးရ တရားဝင်စာထုတ်ပြန်ထားပါပြီ။
Ei Ei Htun

ကမ္ဘာအနှံ့ကူးစက်ပြန့်ပွားလျှက်ရှိနေတဲ့ Covid 19 ရောဂါကြောင့် နှစ်စဉ်ဘုရားဖူးပြည်သူများနဲ့ စည်ကားလျှက်ရှိတဲ့ အလောင်းတော်ကဿပ ဘုရားဖူးရာသီကို မတ်လ(၂၂)ရက်နေ့ကစတင်ပြီး ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရပါတယ်။

ကိုရိုနာဗိုင်းရပ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလိုဘုရားဖူးရာသီကာလကို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမှာပင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခင်နှင်းရီက Duwun ကိုပြောပါတယ်။ 

“ ဘုရားဖူးရာသီကို ပိတ်သိမ်းဖို့ စာလည်းထုတ်ပြီးပါပြီ။(၂၂)ရက်နေ့ကနေ စပိတ်မယ်။ အလောင်းတော်ကဿပဘုရားဖူးရာသီမှာဆိုရင်လည်း ဘုရားဖူးလာရောက်တဲ့ သူတွေနဲ့ အရမ်းကိုစည်းကားတဲ့ ကာလတစ်ခုပေါ့နော်။ အခုလို ရောဂါပျံ့နှံ့နေချိန်နဲ့တိုးတော့ ကြိုတင်ပြီးရောဂါကာကွယ်တဲ့ အနေနဲ့ လူစုလူဝေးမဖြစ်အောင် ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်” လို့ ဒေါ်ခင်နှင်းရီက ပြောပါတယ်။ 

အလောင်းတော်ကဿပ ဘုရားဖူးရာသီကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကုန်ပိုင်းလောက်ကနေ ဧပြီလအထိ (၄)လတိုင်တိုင် ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ ယခုနှစ်ဘုရားဖူးရာသီကိုတော့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီအချိန်ဟာဘုရားဖူးပြည်သူများနဲ့ အစည်ကားဆုံးအချိန်ကာလလည်းဖြစ်တယ်လို့ သိရပါတယ်။ စတင်ဖွင့်လှစ်ခဲ့တဲ့ ရက်ကနေ လက်ရှိအချိန်ထိ ဘုရားဖူးပြည်သူ (၁)သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


loading...

က္က