မနက်ပိုင်းကြီးဖြစ်တာပါ။
အလုံမြို့နယ် ငုဝါလမ်းမှာ ဈေးကနေပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို လည်ပင်းကို ဓားဖြင့်လှီးပြီး ဆွဲကြိုးလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ အလုံမြို့မရဲစခန်းမှ သိရပါတယ်။
အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်း တိုက်အမှတ် (၇၈) မှာ ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်က ဈေးကနေပြန်လာတဲ့ အမျိုးသမီးတဦးကို လည်ပင်းကို ဓားဖြင့်လှီးပြီး ရွှေဆွဲကြိုးကို လုယက်မှုဖြစ်ပွားခဲ့တာပါ။

ကျူးလွန်သူဟာ အသက် (၂၅) နဲ့ (၃၀) ကြားအမျိုးသားဖြစ်ပြီး အဆိုပါ အသက် (၆၀) ကျော်အမျိုးသမီး နောက်မှလိုက်လာခဲ့ကာ တိုက်အမှတ် (၇၈) ပထမထပ်အရောက်မှာ လည်ပင်းကို ဓားဖြင့်လှီးပြီး ဆွဲကြိုးလုယူသွားခဲ့တယ်လို့ ဆိုပါတယ်။

"ကျူးလွန်သူကို စုံးစမ်းပြီး လိုက်လံ ဖမ်းဆီးနေပါတယ်။ အနီးအနားက CCTV တွေကိုလည်းစစ်နေပါတယ်။"လို့ အလုံရဲစခန်းက တာဝန်ရှိသူ က Duwun ကိုပြောပါတယ်။

လည်းပင်းကို ဓားဖြင့်အလှှီးခံရတဲ့ အမျိုးသမီးကတော့ ခွဲစိတ်ကုသခဲ့ရပြီးနောက် ဒဏ်ရာမှာ စိုးရိမ်ရသည့်အခြေအနေမှ ပြန်လည် ကောင်းမွန်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း အလုံမြို့နယ်ရပ်ကွက်အချို့မှာ လုယက်မှုများ ဖောက်ထွင်းမှုများ အနုကြမ်းစီးမှုများရှိခဲ့တာကြောင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်အတွင်း ဆန္ဒပြမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က