ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်ကနေ ကျပ်ဘီလီယံ သန်းတစ်ထောင်ကို ငွေကြေးပံ့ပိုးပေးလိုက်ပါတယ်။
Thin Nu Swe

ကိုဗစ်ကာလ အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့ အထည်ချုပ်အလုပ်သမား ၁၂၀၀၀ ကျော်ကို   ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်ကနေ ကျပ်ဘီလီယံ သန်းတစ်ထောင်ကို  ငွေကြေးပံ့ပိုးပေးလိုက်ပါတယ်။

အလုပ်သမားတွေဆီကို ​မေလ ပထမပတ်ကတည်းကနေ ဇွန်လ ၁ရက်နေ့အထိ Wave Money ကနေ တိုက်ရိုက် ပေးပို့ခဲ့တာဖြစ်ကြောင်း ၊ ထောက်ပံမှုကို ရန်ကုန်တိုင်း၊ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် အခြားသော မိမိတို့နေရပ်ကို့ပြန်သွားကြတဲ့ အလုပ်သမားတွေပါ ရရှိခဲ့ပါတယ်။

"တယောက်နဲ့တယောက်မတူဘူး။ တချို့က စက်ရုံ အချိန်ပြည့်မဆင်းရဘူး၊လစာလည်းအပြည့်မရဘူး ဒါမျိုးဆို စက်ရုံကပေးတာရဲ့ တစ်ဝက်တိတိကို ပေးတယ်။စက်ရုံက ၈၀၀၀၀ ပေးရင် အမတို့က ၄၀၀၀၀ ပေးတယ် ဆိုတော့ အနည်းဆုံးပမာဏက အတိအကျပြောဖို့ခက်တယ်။ တစ်ယောက်ကိုပေးတာ အများဆုံးကတော့ ၁၂၅၀၀၀ ပါ။အဲ့ထက်တော့မများပါဘူး။"လို့ EU မြန်ကူရဲ့ ပရောဂျက်မန်နေဂျာ မစုမွန်သဲကပြောပါတယ်။

အလုပ်သမားတစ်ဦးကို ပေးအပ်တဲ့ ထောက်ပံ့ကြေးဟာ အများဆုံး ၁၂၅၀၀၀ အထိသာဖြစ်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဖြစ်စဉ်အခြေအနေပေါ်မူတည်ပြီး အမျိုးအစား ၃ ခုခွဲခြားကာ အလုပ်သမားတွေကို စိစစ် ပေးနေတာဖြစ်ပါတယ်။

PHOTO DICA

အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ် စက်ရုံပေါင်း ၁၂၂ ခုက အလုပ်သမားပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထားမှုရှိခဲ့ကြောင်း ဒီထဲကမှ ၁၂၉၁၃ ဦးကို ထောက်ပံ့မှုပေးအပ်ခဲ့တာဖြစ်ပါတယ်။လျှောက်ထားသူတွေထဲမှာ ဖုန်းဆက်သွယ်မရလို့ ထားခဲ့ရသူတွေလည်းရှိတယ်လို့သိရပါတယ်။

" ဒီလိုအချိန်ကာလမှာ၊ ကျွန်မစက်ရုံက ပိတ်ထားတော့ ဝင်ငွေမရှိဘူး။ အဲဒီ့အတွက် ကျွန်မ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်ဒါပေမယ့်  မိသားစုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒီလိုအချိန်မှာ၊ ဒီ မြန်ကူ ထောက်ပံ့မှုက ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်” လို့ eu မြန်ကူရဲ့ ထောက်ပံ့ငွေရရှိသူ စက်ရုံအလုပ်သမား တစ်ဦးဖြစ်သူမအိန္ဒြာထက် က ပြောပါတယ်။

EU မြန်ကူ အနေဖြင့် လာမယ့် ဇူလိုင်အထိကို အလုပ်လက်မဲ့ဖြစ်သွားတဲ့အနည်းဆုံး အလုပ်သမား ၃၀၀၀၀ ကျော်ကို အထောက်အပံ့ပေးနိုင်ဖို့ မျှော်မှန်းထားကြောင်း ၊ အဓိက ရည်ရွယ်တာက အလုပ်လက်မဲ့ဖြစ်သွားတဲ့အမျိုးသမီးတွေဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ စက်ရုံ ၁၃၀ ကျော်ဟာ ပိတ်သိမ်းခြင်း ၊လုပ်သားလျှော့ခြင်း၊ ယာယီရပ်နားခြင်းရှိခဲ့ပြီး စက်ရုံ အလုပ်ရုံ အလုပ်သမားပေါင်း ၆၀၀၀၀ ကျော် အလုပ်အလက်မဲ့ဖြစ်ခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က