အိမ်ခြေ ၁၅၀ ကျော်မီးလောင်ခဲ့တာပါ။

ဧရာဝတီတိုင်း၊ အမာမြို့နယ်ခွဲထဲက ချောင်းဝရွာမှာ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်က ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွားတာကြောင့် ခက်ခက်ခဲခဲ မီးငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။

Photo : MMT



အိမ်ခြေပေါင် ၁၅၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး အိမ်ကြီး အိမ်ကောင်း ၆၀ ထက်မနည်းနဲ့ ငါးခြောက်သိုလှောင်ထားတဲ့ နေရာတွေလည်းမီးလောင်ကျွမ်းခဲ့တယ်လို့ မီးလောင်မှုကို သွားရောက်ကူညီငြှိမ်းသတ်ပေးနေတဲ့ ပဲ့တင်သံပရဟိတအသင်းကနေ သိရပါတယ်။

"မီးသတ်ကားသွားလို့မရတဲ့ နေရာဖြစ်တယ်။ ကျွန်တော်တို့ ကား အသေးနဲ့တောင် မနည်းသွားရတယ်။ မီးသတ်ကား ၂ စီးလောက်တော့ ရောက်လာပါတယ်။ လောင်တာကတော့ ရွာလုံးကျွတ်နီးပါးပဲ။ အကုန် ကုန်တာပဲ။"လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဖျာပုံမြို့ ပဲ့တင်သံ ပရဟိတအသင်းရဲ့ အတွင်းရေးမှူး ကိုအောင်မင်းရွှေက Duwun ကို ပြောပါတယ်။

Photo : MMT

စတင်လောင်ကျွမ်းချိန်ဟာ နေ့လည် ၂ နာရီလောက်ကဖြစ်ပြီး ညနေ ၆ နာရီလောက်အထိ မီးအားလုံးငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့လည်း သူကပြောပါတယ်။

ချောင်းဝရွာဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသလို ခုလိုမီးလောင်မှုဖြစ်စဉ်ကြောင့် လူရာနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က