ယခုလကုန်ပိုင်းကစပြီး စတင်စစ်ဆေးနိုင်တော့မှာပါ။

အမေရိကန် CDC ကနေ မြန်မာနိုင်ငံကို လာရောက်ကာ ဓာတ်ခွဲစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ Trainingများပေးသွားမှာဖြစ်ပြီးတော့ ယခုလကုန်ပိုင်းလောက်စလို့ ဝူဟန်ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ စတင်စစ်ဆေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။


တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း သံသယလူနာ‌တွေမှာ ရောဂါပိုး ရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် CDC ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များက ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Training များကို မြန်မာနိုင်ငံကို လာရောက်သင်ကြားပေးမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။



အခုလို အမေရိကန် CDCအဖွဲ့ က လာရောက်ပြီး လိုအပ်သည်များ သင်ကြားပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်ပိုးရှိ၊ မရှိကို မြန်မာနိုင်ငံအတွင်းမှာလည်း စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံက ကိုရိုနာ သံသယလူနာတွေမှာ ရောဂါ ရှိ၊ မရှိကိုတော့ သူတို့ရဲ့ နှာခေါင်းဖတ်တွေကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီး စစ်ဆေးနေရတာလည်းဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၁၃)ဦးရှိနေပြီး အဆိုပါ သံသယလူနာတွေကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးလျှက်ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

Share

Loading Next Article...
က္က