နေရပ်ပြန်လာသူအားလုံး အသွားအလာကန့်သတ်ခြင်း ၂၈ရက်တိတိ လုပ်ဆောင်ရမှာပါ။

အထူးလေယာဥ်ဆိုက်ရောက်မယ့် ဆုံမှတ်မြို့ကို ကိုယ့်အစီအစဥ်နဲ့ကိုယ် လာရောက်ရမှာဖြစ်ပြီး အထူးလေယာက် ဆိုက်ရောက်မယ့် နေ့ရက်၊အချိန်နဲ့နေရာတို့ကို သတင်းဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

COVID-19ကာလမှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဥ်များ ပျံသန်းဆင်းသက်မှုကို မေလ ၁၅ရက်နေ့အထိ ယာယီရပ်ဆိုင်ထားသော်လည်း အမေရိကန်ရောက် မြန်မာပြည်သူ၊ပြည်သားတွေ ပြန်လာနိုင် စေဖို့အတွက် အထူးလေယာဥ်နဲ့ စီစဥ်ပေးသွားမယ်လို့ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက ဧပြီလ ၂၇ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။



အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ အထူးလေယာဥ်ဆိုက်ရောက်မယ့် ဆုံမှတ်နေရာကို ကိုယ့်နေရာ အသီးသီးကနေ မိမိ အစီအစဥ်နဲ့ လာရောက်ကြရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးလေယာဥ်နဲ့ လိုက်ပါနိုင်ရန် ဖောင်ဖြည့်ပြီး မြန်မာသံရုံးရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ mewdcusa@yahoo.comကို ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထားပေးဖို့ဖိုလိုအပ်တယ်လို့ လည်းသိရပါတယ်။

မြန်မာသံရုံးရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ဖြစ်တဲ့ https://www.facebook.com/mmembassywashitongtondc/ နှင့် ဝက်ဘ်စာမျက်နှာ https://www.mewashingtondc.org/ တို့မှာ ရယူနိုင်တယ်လို့လည်းသိရပါတယ်။

အထူးလေယာဥ် ဆိုက်ရောက်မယ့် ဆုံရက်မြို့အပါအဝင် ပြန်လာမယ့် မြန်မာနိုင်ငံသားတို့ရဲ့ လူဦးရေအပေါ် မူ တည်ပြီး လေယာဥ်ဆိုက်ရောက်မယ့်နေရက်နဲ့အချိန်ကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက် မှာပါရှိပါတယ်။

အမေရိကန်ရောက်မြန်မာနိုင်ငံသားများနည်းတူ အခြားသော နိုင်ငံတွေ ဖြစ်တဲ့ အီဂျစ်၊ တူရကီ၊ဆူဒန်၊ မော်ရိုကို၊အယ်ဂျီးရီးယား၊ အီရတ်၊ ဂျပန်၊စင်ကာပူ၊ကိုရီးယား၊ထိုင်းနဲ့ အိန္ဒိယတို့မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အစိုးရက အထူးလေယာဥ်တွေနဲ့ ပြန်ခေါ်ဖို့ သက်ဆိုင်ရာ သံရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။

အီဂျစ်၊ တူရကီ၊ဆူဒန်၊ မော်ရိုကို၊အယ်ဂျီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ မြန်မာနိုင်ငံသာားတွေအနေနဲ့ ဆုံမှတ် လေယာဥ်များ ဆိုက်ရောက်မယ့် စင်ကာပူ၊ထိုင်းနဲ့ အိန္ဒိယနိုင်ငံများကို မိမိအစီအစဥ်ဖြင့် သွားရောက်ရမယ်လို့ လည်းသိရပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်လာမယ့် မြန်မာနိုင်ငံသားအားလုံးဟာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း community based facility quarantine ၂၁ရက်နှင့်နေအိမ်မှာ နောက်ထပ် ၇ရက် စုစုပေါင်း ၂၈ရက် အသွားအလာကန့်သတ်နေထိုင်ခြင်းကို လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က