အဂတိလိုက်စားတယ်ဆိုပြီးလိမ်လည်တိုင်ကြားခဲ့တာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ နဲ့ အမှုဖွင့်ခံထားရပေမယ့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတွေကို ကူညီစုံစမ်းဖော်ထုတ်ပေးဖို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Photo - ရဲဇာနည် FB

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဧပြီလ ၄ ရက်နေ့မှာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်း တွင် (ပ)၅၉/၂ဝ၁၉၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉/၆၃ နဲ့ အမှုဖွင့်ထားပါတယ်။

၎င်းတို့ ၃ ဦးအနက်မှ ဦးဆန်နီနဲ့ ဦးမျိုးအောင်တို့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာမှာ တိမ်းရှောင်နေတာဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကေ ကိုယ်ရေးမှတ်တမ်းဖိုင်တွေနဲ့တကွ သတင်းထုတ်ပြန်ပြီး တွေ့ရှိပါက အကြောင်းကြားပေးဖို့ သတင်းထုတ်ပြန်ထားပါတယ်။

၎င်းတို့ကို အမှုဖွင့်ရတဲ့ အကြောင်းကတော့ရမည်းသင်းအကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ ကိုအေးကို အပါအဝင် လူ ၁၀ ယောက်ဆီကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက် ဝန်ထမ်းတွေဖြစ်တဲ့ ဦးဆန်နီနဲ့ ဦးမျိုးအောင်တို့(၂)ဦးကို စေလွှတ်ခဲ့ပြီး သတ္တုတွင်းဝန်ထမ်းနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုငွေပေးပြီးမှ သတ္တုခိုးတူးခြင်းဖြစ်ကြောင်း၊ အမှုသက်သာအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပေးရန်သွားရောက်စေခိုင်းသင်ကြားပေးခဲ့တယ်လို့ ရဲက သတင်းထုတ်ပြန်ပါတယ်။

Photo - ရဲဇာနည် FB

ထို့နောက် ဦးထွန်းအောင်စိုးက သူတို့ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီအဖွဲ့(၈)ခုရဲ့နာမည်တွေကို အလွဲသုံးစားလုပ်ပြီး သတ္တုတွင်းဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ငွေကြေးတွေရယူတယ်ဆိုပြီး တိုင်ကြားခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့ရာမှာ မမှန်မကန် တိုင်ကြားခဲ့ကြောင်း ပေါ်ပေါက်တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ညွှန်ကြားရေးမှူး ဦးကောင်းဇော်သန့်က ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က