အမှိုက်ကို သေသေချာချာ မပစ်တတ်လို့ အိမ်ရှေ့ကို ပစ်နေရတယ်ဆိုရင် ကျွန်တော်တို့က အမှိုက်တွေကို ကောက်ပြီး အမှိုက်ပုံးထဲကို ပစ်ပေးမယ်။

အမှိုက်ကိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းက ရှက်စရာကောင်းတယ်လို့ ခံယူသွားအောင် လူငယ်မျိုးဆက်တွေက ပြရမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၂၃ ရက်က အကြိမ် ၂၀ မြောက် အမှိုက်ကင်းစင်ရေး စုပေါင်းလှုပ်ရှားမှုမှာ ပြောကြားလိုက်ပါတယ်။


Photo- YRG



ဝန်ကြီးချုပ် က “ရန်ကုန်မြို့ကြီးကို အဓိက သန့််ရှင်းအောင်လုပ်မယ်။ ကျွန်တော်တို့အားလုံး မြို့ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ နေမယ်ဆိုရင် ဒီမြို့ကြီးက သန့်ရှင်းသွားမှာဖြစ်ပါတယ်။ အမှိုက်ကို သေသေချာချာ မပစ်တတ်လို့ အိမ်ရှေ့ကို ပစ်နေရတယ်ဆိုရင် ကျွန်တော်တို့က အမှိုက်တွေကို ကောက်ပြီး အမှိုက်ပုံးထဲကို ပစ်ပေးမယ်။ ဒါဟာ ဝင်ရောက်ပြီး မျှဝေကူညီဆောင်ရွက်ပေးတာ။ အမှိုက်ပစ်တဲ့သူတွေက အမှိုက်ပစ်ခြင်းဟာ ရှက်စရာကောင်းတယ်လို့ သူတို့စိတ်ထဲမှာ ခံယူသွားအောင် လူငယ်မျိုးဆက်တွေက ပြရမယ်။ ” လို့ ပြောခဲ့တာပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပါင်းပြီး အကြိမ် ၂၀ မြောက်၊ အမှိုက်ကင်းစင်ရေးစုပေါင်းလှုပ်ရှားမှုကို စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။

Photo- YRG

အဆိုပါ အမှိုက်ကောက်လှုပ်ရှားမှုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဇနီး၊ လွှတ်တော်ဥက္ကဌ တာဝန်ရှိသူတွေ၊ ရန်ကုန်မြို့တော်ဝန်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမှိုက်ကောက် ပရဟိတအဖွဲ့တွေနဲ့ အတူ စုပေါင်းလိုက်လံ အမှိုက်ကောက်ခဲ့ကြပါတယ်။

Clean Yangon Campaign (အမှိုက်ကောက်လှုပ်ရှားမှု) ကို ၂၀၁၇ က ခုနှစ်က စတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး အပတ်စဉ် ရန်ကုန်မြို့ လူစည်ကားရာနေရာတွေမှာ အမှိုက်ကောက်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ လျော့နည်းလာစေရန်၊ မြို့တော်များ သန့်ရှင်းသာယာလှပစေရန်၊ အခြေခံ လူနေမှုစရိုက်များ မြင့်တက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်မှု လျော့နည်းစေရန်တို့ကို ရည်ရွယ်ပြုလုပ်တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က