ခရီးသည်တင်သဘောၤတွေမှာ အများစုလုပ်ကိုင်နေတာဖြစ်ပြီးတော့ စားပွဲထိုး၊ဟိုတယ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အများစုလုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင်ဝင်နေတဲ့အမျိုးသမီးသဘောၤသားတွေကို seaman book နဲ့ passord ထုတ်ပေးဖို့အတွက် ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်ကနေ သိရပါတယ် ။

photo -pinterest

လက်ရှိမှာ အမျိုးသမီးသဘောၤသား ၁၀၀၀ ဦးလောက်အထိလုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီးတော့ သေချာပြင်ဆင်မှုပြုလုပ်ပြီးမှာသာ ခွင့်ပြုသင့်တယ်လို့ မြန်မာနိုင်ငံပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးရဲဝင်းထွန်းက Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့အနေနဲ့က သေချာစိစစ်ပြီးမှ ခွင့်ပြုစေချင်တာပါ။ ၂၀၁၂ တုန်းကလည်း အဲ့လိုမျိုးလုပ်မယ်ပြောထားတာတွေလည်းရှိတယ်။အခုက တစ်ခုခုပေါ့နော်။လူကုန်ကူးခံရတာမျိုးတွေ၊အေးဂျင့်တွေကနေသွားလို့ တစ်ခုခုဖြစ်ရင် တာဝန်ယူပေးမယ့်သူမရှိဘူးဖြစ်နေတာ။သေချာပြင်ဆင်မှုမရှိဘဲလုပ်ရင်တော့ ကိုယ်ကျိုးစီးပွားပါတ်သတ်မှုတွေ ရှိလာနိုင်တယ်လို့ထင်တယ်။ ထုတ်ပေးတာကတော့ မကြာခင်လုပ်မယ်လို့ ကြားပါတယ် ” လို့သူကပြောပါတယ်။

ဂျာမနီနိုင်ငံအနေနဲ့လည်းအမျိူးသမီးသဘောၤသားအလုပ်အကိုင်အတွက်ကမ်းလှမ်းထားတာဖြစ်ပြီးတော့ သင်တန်းပေးမှာဖြစ်ပြီး သင်တန်းတက်နေစဉ်မှာ အခြေခံလစာကောင်းကောင်းပေးမယ်လို့ကမ်းလှမ်းထားတာမျိုးရှိတယ်ဆိုပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှုး ဦးစီးဌာနက ပြောကြားထားတာပါ။

မြန်မာအမျိုးသမီးသဘောၤသားတွေအနေနဲ့ ခရီးသည်တင်သဘောၤတွေမှာ အများစုလုပ်ကိုင်နေတာဖြစ်ပြီးတော့ စားပွဲထိုး၊ဟိုတယ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အများစုလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အမျိုးသမီးသဘောၤသားတွေအနေနဲ့ လုပ်ငန်းအခွင့်အလမ်းပိုကောင်းလာနိုင်ပြီး တရားဝင်ခွင့်ပြုချက်နဲ့လုပ်ကိုင်ရတာကြောင့် အလုပ်အကိုင်ပိုကောင်းလာနိုင်မယ်လို့ လည်း လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။



က္က