ရွှေပြည်သာမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို ဓားထောက်ကာ ဓားစာခံအဖြစ်ခေါ်ယူပြီး ဆိုင်ကယ်လုယူထွက်ပြေးဖို့ ကြိုးစားသူကို ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။


 

 

ဖြစ်စဉ်ကတော့ ဇွန်လ ၃၀ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်မှာ အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံဘက်နေ သုံးယောက်အတူ စီးလာတဲ့ဆိုင်ကယ်တစ်စီးကို ရွှေပြည်သာရဲစခန်းတပ်ဖွဲ့ဝင်တွေက မသကာၤလို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ အဲဒီဆိုင်ကယ်စီးသူတွေက ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်အရောက်မှာ ဓားကိုင်ဆောင်ကာဆင်းလာပြီး ကျန် (၂)ဦးမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။

ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားမှာ ဒေါင်းမင်းလမ်းအတိုင်းထွက်ပြေးသွားပြီး ပန်းမူလမ်းထောင့်အရောက်မှာ လမ်းလျှောက်လာသူ အမျိုးသမီး(၁) ဦးရဲ့ လည်ပင်းကို ဓားထောက်ကာ ဓားစာခံအဖြစ်ခေါ်ဆောင်ပြီး ထွက်ပြေးဖို့ ကြိုးစားနေစဉ် ရဲတွေက ဓားစာခံအမျိုးသမီးကို လွှတ်ပေးရန်နှင့် ဓားအား အောက်ကိုချပြီး အဖမ်းခံရန်ပြောဆိုရာ လက်မခံဘဲ ရဲတွေကို ဓားနဲ့ ပြန်လည်ခုခံခဲ့တယ်လို့ သိရပါတယ်။

 

 

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကနေ သူကိုင်ဆောင်ထားတဲ့ MA 13 သေနတ် နဲ့ (၁)ချက်ပစ်ခတ်ခဲ့ရာ ဓားကိုင်သူ အမျိုးသား၏ ဘယ်ဘက်ခါးမှ ဝမ်းဗိုက်သို့ဖောက်ထွက်ဒဏ်ရာ(၁)ချက်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသားမှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ဝင်းထွန်းနိုင်ဆိုသူ ဖြစ်ပြီး အင်းစိန်ဆေးရုံမှာ အတွင်းလူနာ(စိုးရိမ်းရ)အဖြစ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အမျိုးသမီးကို ဓားထောက် ဓားစာခံအဖြစ် ခေါ်ပြီး ဆိုင်ကယ်လူယုသူ၊ တာဝန်ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံသူ ဝင်းထွန်းနိုင်ကို ရွှေပြည်သာမြို့မ ရဲစခန်း(ပ)၈၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၄/၃၈၂/၃၀၇/၃၅၃နဲ့ အမှုဖွင့်ကာ အရေးယူထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က