(၃)ဦးဒဏ်ရာရရှိခဲ့ပါတယ်။
Ei Ei Htun

သာသနာ့အလံတပ်ဆင်ထားပြီး သံဃာတစ်ပါးမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်တစ်စီးဟာ အရှိန်လွန်ပြီး လမ်းဘေး guard rail တန်းတွေကိုဝင်တိုက်ရာမှာ ကားနောက်ခန်းက လိုက်ပါလာတဲ့ အမျိုးသမီး(၃)ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ 

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၉၂)မိုင်နဲ့ (၉၃)မိုင်ကြားမှာ ဒီကနေ့ နိုဝင်ဘာလ(၂၀)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က သာသနာ့အလံတပ်ဆင်ထားပြီး သံဃာတစ်ပါးမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းရဲ့တပ်ဖွဲ့မှသိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်နောက်ခန်းမှာ လိုက်ပါလာတဲ့ အမျိုးသမီး (၃)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အရှိန်လွန်ပြီးတော့ ဘေးက guard rail တန်းတွေကိုဝင်တိုက်တာ။ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ဘာမှတိတိကျကျမသိရသေးဘူး။ လူနာတွေကိုတော့ဆေးရုံပို့ထားတယ်။ သူတို့ကလည်း ဒဏ်ရာတွေနဲ့ဆိုတော့ နာပြီး ဘာမှမပြောနိုင်သေးဘူး” လို့ မြို့ချောင်းရဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ထားပါတယ်။

အမြန်လမ်းမှာ မနေ့က နိုဝင်ဘာလ(၁၉)ရက်နေ့ ညပိုင်းက မိုင်တိုင်(၂၇၁)မိုင်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို ကားတစ်စီးကဝင်တိုက်ပြီးထွက်ပြေးသွားတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ ယင်းဖြစ်ရပ်မှာ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့ပြီး မောင်းနှင်ထွက်ပြေးတဲ့ ယာဉ်မောင်းကို (၂၈၁)မိုင်မှာ ယာဥ်ရပ်နားထားစဥ် စစ်ဆေး ဖမ်ဆီးမိခဲ့ပါတယ်။ အမြန်လမ်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်မတော်တဆမှုတွေ၊ အခက်အခဲတွေနဲ့ ပတ်သက်လို့ နီးစပ်ရာအမြန်လမ်းရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ကြဖို့ကိုလည်း အမြန်လမ်းရဲတပ်ဖွဲ့မှ တိုက်တွန်းထားပါတယ်။


က္က