လမ်းဖြတ်ကူးသူ အမျိုးသားကြီးမှာ စိတ်ဝေဒနာ ခံစားနေရသူလို့ မိသားစုဝင်တွေရဲ့ ပြောစကားအရ သိရတယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး လှိုင်ဇော်ဦးက ပြောပါတယ်။
ဓာတ်ပုံ Myanmar Fire Services Department
ဇူလိုင်လ ၂၂ရက်နေ့ မနက် ၄နာရီခန့်က အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၅အနီးမှာ မန္တလေးဘက်က လာတဲ့ JJ Express ဘတ်စ်ကားဟာ လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးကို တိုက်မိခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရ ပါတယ်။
ဘတ်စ်ကား တိုက်မိမှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသားဟာ သေဆုံးသွားပြီ ဖြစ်ပြီး ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ အမြန်လမ်း ဖြူးရဲစခန်းက ဒုရဲမှူး လှိုင်ဇော်ဦးက Duwun ကိုပြော ပါတယ်။
“ဖြစ်စဥ်ကတော့ လမ်းဖြတ်ကူးသူကို ဝင်တိုက်မိတာပါ။သေဆုံးသူက အသက် ၅၄နှစ်လောက်ရှိပြီလို့ သိရသလို စိတ်ဝေဒနာသည်လို့လည်း မိသားစုဝင်အချို့က ပြောပြချက်အရသိရပါတယ်။”လို့ ဒုရဲမှူး လှိုင်ဇော်ဦးက ပြော ပါတယ်။
ဓာတ်ပုံ Myanmar Fire Services Department
အမြန်လမ်းမကြီးဟာ ရွာတွေအလယ်က ဖောက်လုပ်ထားတာ ဖြစ်တာကြောင့် တစ်ရွာနဲ့ တစ်ရွာအကြား ကူးလူး ဆက်နွယ်မှုတွေ ရှိနေသလို၊ လုပ်ငန်းခွင်တွေနဲ့ရွာကိုလည်း ပိုင်းခြားထားသလို ဖြစ်နေတာကြောင့် ဥပဒေအရ အ မြန်လမ်းကို ဖြတ်မကူးဖို့ တားမြစ်ထားပေမယ့်လည်း လုံးဝပိတ်ပင်ထားလို့မရတဲ့အနေအထားမှာ ရှိနေတယ်လို့ လည်း ဒုရဲမှူး လှိုင်ဇော်ဦးက ဆက်လက်သုံးသပ်ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ၁၆ရက်နေ့အထိ အမှုပေါင်း ၃၀ ဖြစ်ပွား ထားခဲ့ပြီး သေဆုံးသူ ကျား ၁ဦး၊မ ၂ဦးရှိကာ ဒဏ်ရာရရှိသူ ကျား ၂၇ဦးနဲ့ မ၁၇ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံ က သိရပါတယ်။