သေဆုံးသူမရှိပါဘူး။
Ei Ei Htun

မန္တလေး-ရန်ကုန်ကိုမောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာခရီးသည်ယာဉ်က ပစ္စည်းချဖို့အရှိန်လျော့ပြီးဘေးကပ်ရပ်တာကို လားရာတူမောင်းနှင်လာတဲ့ မင်းသစ္စာခရီးသည်တင်ယာဉ်က နောက်ကဝင်တိုက်မိတာလည်းဖြစ်ပါတယ်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဒီကနေ့ နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်လောက်က မိုင်တိုင် ၁၉၄မိုင်မှာ ခရီးသည်ယာဉ်နှစ်စီးတိုက်မိကာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ထံမှသိရပါတယ်။ မန္တလေး-ရန်ကုန်မောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ကို လားရာတူ မောင်းနှင်လာတဲ့ မင်းသစ္စာခရီးသည်တင်ယာဉ်က နောက်ကဝင်တိုက်မိတာလည်းဖြစ်ပါတယ်။ 

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

“ အခုတော့ အမှုဖွင့်ထားတယ်။ ရှေ့က ရွှေစင်စင်္ကြာခရီးသည်ယာဉ်က ပစ္စည်းချဖို့အရှိန်လျော့ပြီးဘေးကပ်ရပ်တာကို မလွတ်ဘဲနဲ့နောက်ကားကဝင်တိုက်တာ။ ညဆိုတော့ သိတဲ့တိုင်းပဲ။ ရုတ်တရက်ဆိုတော့ ရှောင်ဖို့မလွယ်ဘူး။ သေဆုံးသူတော့မရှိပါဘူး။ဒဏ်ရာရတဲ့ သူတွေကိုတော့ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” လို့ အမြန်လမ်းမကြီး ပလွေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။ 

ယာဉ်တိုက်မှုကြောင့် ရွှေစင်စင်္ကြာခရီးသည်ယာဉ်မှ ကျား(၁)ဦး၊ မ(၁)ဦးနဲ့ မင်းသစ္စာခရီးသည်တင်ယာဉ်မှ သံဃာ(၁)ပါး၊ ကျား (၆)ဦး၊ မ(၇)ဦးဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ခရီးသည် (၁၆)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာတွေထဲမှာ စိုးရိမ်ရတဲ့ လူနာမပါရှိဘဲ ပွန်းပဲ့ဒဏ်ရာရရှိတဲ့ လူနာလောက်သာပါတယ်လို့ ပလွေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။ 


က္က