၂၀၂၀ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှ ဇူလိုင်လ ၁၆ရက်နေ့အထိ ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၈ဦးရှိပါပြီ။

၂၀၁၆ မှ ၂၀၂၀ ဇူလိုင်လအတွင်း ယာဥ်််််််််််််််တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံး နှစ်က ၂၀၁၆ ခုနှစ် ဖြစ်ပြီး သေဆုံးသူ ၁၇၀ဦးထိရှိခဲ့ပါတယ်။

ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် လူသေဆုံးမှုက ၂၀၁၆ ကစလို့ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့ထံက သိရပါတယ်။

၂၀၁၆ခုနှစ်က စတင်ပြီး ၂၀၁၉ခုနှစ်အထိ ၄နှစ်အတွင်း ယာဥ်တိုက်မှု ဖြစ်စဥ်တွေ နှစ်စဥ်နဲ့အမျှ လျော့နည်းခဲ့သလို လူသေဆုံး မှုလည်း လျော့နည်းလာတာ တွေ့ရပါတယ်။

၂၀၁၆ခုနှစ်မှာ ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၁၇၀ အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၀၄ဦးရှိခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာတော့ သေဆုံးသူ ၁၁၆ယောက်သာရှိတော့ပြီး ၂၀၁၈မှာ ၁၀၄ဦးနဲ့ ၂၀၁၉မှာ ၁၀၈ ဦးသာ ရှိပါတယ်။

ဓာတ်ပုံ - MFSD

“ဒီနှစ် ၂၀၂၀ ခုနှစ်ကတော့ အရင်နှစ်တွေထက် ပိုနည်းမယ့် အခြေအနေမှာရှိပါတယ်။ အဓိကကတော့ ကိုဗစ်ကြောင့် ၃လလောက် ခရီးသွားလာမှုတွေ ရပ်ဆိုင်းထားရတဲ့အခြေအနေမှာ ယာဥ်တိုက်မှုတွေ မရှိသလောက်ကို နည်းသွားပါတယ်။ ဒါပေမယ့် အခု ပြန်လည်သွားလာနိုင်တဲ့ အခြေအနေမှာတော့ အနည်းငယ် ယာဥ်တိုက်မှုတွေ ပြန်လည်မြင့်တက်လာတာတွေ့ ရပါတယ်။ သို့သော်လည်း အရင်နှစ်တွေထွက်စာရင် ဒီနှစ်မှာ ယာဥ်တိုက်မှု ဖြစ်စဥ်ရော သေဆုံးမှုရော နည်းမယ့်ကိန်းရှိတယ်။” လို့ အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောပါတယ်။

၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ အမှုပေါင်း ၅၂၄ မှုရှိခဲ့ပြီး သေဆုံးသူ ကျား ၆၉၊မ ၃၉ ပေါင်း ၁၀၈ဦးရှိကာ ဒဏ်ရာရသူ ကျား ၅၅၃ ဦး၊ မ ၄၆၆ဦး ရှိပါတယ်။

၂၀၂၀ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့အထိ စာရင်းအရ အမှုပေါင်း ၂၁၃ မှုရှိပြီး သေဆုံးသူ ကျား ၂၉ဦး၊ မ ၉ ဦး၊ ပေါင်း ၃၈ ဦးနဲ့ ဒဏ်ရာရရှိသူ ကျား ၁၆၅ဦး၊ မ ၈၇ဦး၊ ပေါင်း ၂၅၂ဦးရှိတယ်လို့ သိရပါတယ်။



က္က