ကျား(၃)ဦး၊ မ(၁)ဦးသေဆုံးခဲ့တာပါ။

အဆိုပါမော်တော်ယာဉ်ဟာ နေပြည်တော်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ကားဖြစ်ပြီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးနဲ့ ကလေးငယ်(၂)ဦးသေဆုံးခဲ့တာပါ။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၂၀)မှာ ဒီကနေ့အောက်တိုဘာလ (၂၄)ရက် မနက်(၆)နာရီခွဲအချိန်က နေပြည်တော်မှ ရန်ကုန်ကိုမောင်းနှင်လာတဲ့ Alphard ယာဉ်ဟာ လမ်းအကွေ့မှာအရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုဖြစ်ပွားခဲပါတယ်။ အဆိုပါယာဉ်တိမ်းမှောက်မှာတော့ ကလေးငယ်(၂)ဦးအပါအဝင် စုစုပေါင်း(၄)ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှသိရပါတယ်။

“ ယာဉ်ပေါ်မှာက ယာဉ်မောင်းအပါအဝင် (၁၁)ဦးပါတယ်။ အဲဒီထဲမှာ ကလေးက (၄)ဦးပါတယ်။ သေဆုံးတဲ့ (၄)ဦးမှာက ယောကျာ်းလေးကလေး(၂)ဦး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသေဆုံးသွားတာ။ (၅)ဦးကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေရတယ်။ အခုချိန်ထိထိတော့ ယာဉ်တိမ်းမှောက်မှုမှာပါဝင်တဲ့သူတွေရဲ့ နေရပ်လိပ်စာတွေကိုတော့ မသိရသးဘူး” လို့ ဘောနတ်ကြီးရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

အဆိုပါယာဉ်တိမ်းမှောက်မှာ ယာဉ်မောင်းသေဆုံးခဲ့တဲ့အတွက် ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ဒီကနေ့ အောက်တိုဘာလ(၂၄)ရက်နေ့မှာပဲ အမြန်လမ်း မိုင်တိုင် (၇၂)မိုင်မှာမနက် (၈)နာရီခန့်က Light Truck ယာဉ်တစ်စီး ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်း ကိုဝင်တိုက်မိပြီး ကားမှာ ယာဉ်ထက်ပိုင်းကျိုးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါယာဉ်တိမ်းမှောက်မှာဆိုရင်လည်း အသက်(၆၈)နှစ်အရွယ်ယာဉ်မောင်းဟာ အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့တာပါ။



က္က