လေကာမှန်တွေကွဲခဲ့ပါတယ်။
Hmue Eain Zaw
အမြန်လမ်းမှာ မောင်းနှင်နေတဲ့ ခရီးသည်တင်ကားတွေကို ခဲလုံးနဲ့ ပစ်ပေါက်သူတွေရှိနေတဲ့အတွက် အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတဲ့လို့ သိရပါတယ်။

Photo - Eimon Fb

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်လောက်က ယာဉ်မောင်း ဦးမင်းသူအောင် မောင်းနှင်လာတဲ့ Express ယာဉ်ကို မိုင်တိုင် ၆၉/၇ အနီးမှာ ခဲနဲ့ ပစ်ပေါက်ခံ/တာကြောင့် ဘေးလေကာမှန်ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဇွန်လ ၂၃ ရက်နေ့ည ၁၁ နာရီလောက်မှာပဲ အမြန်လမ်းမိုင်တိုင်အမှတ် ၆၅ လောက်မှာ Express ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ခဲနဲ့ပစ်ပေါက်ခံရတာကြောင့် လေကာမှန်တွေ ကွဲကုန်လို့ အမြန်လမ်းရဲကင်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

Photo - Eimon Fb

ရဲတပ်ဖွဲ့က လှည့်ကင်းနဲ့ လိုက်လံစစ်ဆေးခဲ့ပေမယ့် ပစ်ပေါက်သူတွေကို မတွေ့ရတာကြောင့် ဆက်လက်ပြီး စုံစမ်းရှာဖွေမှုတွေပြုလုပ်နေတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။

"ကျွန်တော်တို့ ရဲတပ်ဖွဲ့က ဒီကိစ္စတွေဖြစ်ပေါ်နေတာကို လိုက်လံစုံစမ်းနေပါတယ်။ လှည့်ကင်း ဝပ်ကင်းတွေလည်းဖွဲ့ထားပါတယ်။ အများပြည်သူအသက်အန္တရာယ်ရှိနိုင်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် အထူးကြပ်မတ်ဆောင်ရွက်သွားမှာပါ။"လို့ အမြန်လမ်းရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။


Author


က္က