ယာဉ်မောင်းကတော့ ထွက်ပြေးနေပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်းမှာ ခရီးသည်တင် Express နှစ်စီးတိုက်မိခဲ့တဲ့ အတွက် အနည်းဆုံးလူ ၁၄ ယောက်သေဆုံးပြီး ၄၂ ဦးအတွင်းလူနာအဖြစ် ဆေးရုံတင်ထားရတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့တာဝန်ရှိသူက အောက်တိုဘာ ၂ ရက်နေ့မှာ Duwun ကိုပြောပါတယ်။



Photo - အမြန်လမ်းရဲတပ်ဖွဲ့



အောက်တိုဘာ ၁ ရက်နေ့ ည ၁၁ နာရီလောက်က မိုင်တိုင်အမှတ် ၂၂၉ နားမှာ ခရီးသည်တင်ယာဉ်နှစ်စီးပြင်းပြင်းထန်ထန် တိုက်မိခဲ့တာကြောင့် ခုလိုဖြစ်ခဲ့တာပါ။ လေအိပ်ပေါက်ပြီး ရပ်နားနေတဲ့ ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို ခရီးသည် အရိဒ္ဒမာ ခရီးသည်တင် Express ကဝင်တိုက်ခဲ့တာဖြစ်ပါတယ်။



ယာဉ်ကိုု ဝင်တိုုက်တဲ့ အရိဒ္ဒမာယာဉ်က အမျိုးသမီး ၁ ဦး သေဆုုံးပြီး ဒဏ်ရာရသူ ၄ ဦး ရှိပြီး ကျေးဇူးတော် ဘုရားဖူကားကတော့ ၁၃ ယောက်သေဆုံးပြီး ၃၈ ယောက် ဒဏ်ရာရရှိခဲ့လို့ နေပြည်နော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ တင်ထားရတယ်လို့ဆိုပါတယ်။

Photo - အမြန်လမ်းရဲတပ်ဖွဲ့





"အရိဒ္ဒမာ ယာဉ်မောင်းက ထွက်ပြေးသွားတယ်။ မကြာခင်မိမှာပါ။ ဒဏ်ရာရတဲ့ သူတွေထဲက စိုးရိမ်တဲ့သူတွေက စိုးရိမ်ရတယ်။"လို့ အမြန်လမ်းရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။



က္က