ယာဉ်စပယ်ယာတစ်ဦးသေဆုံးခဲ့တာပါ။
Ei Ei Htun

ရန်ကုန်ကနေ-မန္တလေးကိုမောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ကို နာက်ကလားရာတူ ရန်ကုန်နဲ့ရေဦးကိုပြေးဆွဲနေတဲ့ နေကြာ ခရီးသည်တင်ယာဉ်ကားကဝင်တိုက်ရာကနေ နေကြာကားက ယာဉ်မောင်းနဲ့ အကူယာဉ်မောင်းက ဒဏ်ရာရရှိပြီး ယာဉ်စပယ်ယာက အခင်းဖြစ်စဉ်မှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့ အမြန်လမ်း စကားအင်းရဲစခန်းမှ ရဲအုပ်ညီအောင်က ပြောပါတယ်။ 

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဒီကနေ့ စက်တင်ဘာလ(၂၅)ရက်နေ့ မနက်အစော(၃)နာရီ မိနစ်(၃၀)လောက်က ရန်ကုန်ကနေ မန္တလေးဘက်ကိုမောင်းနှင်လာတဲ့ လားရာတူ Expressယာဉ် နှစ်စီးဆင့်တိုက်မှုကြောင့် နောက်ကဝင်တိုင်တဲ့ကားမှ ယာဉ်မောင်းနဲ့ အကူယာဉ်မောင်းတို့မှာ ဒဏ်ရာရရှိပြီး ယာဉ်စပယ်ယာမှာတော့ အခင်းဖြစ်ပွားရာနေရာမှာတင်သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ သိရပါတယ်။

“ ဖြစ်စဉ်က ဒီနေ့ မနက်အစော ၃နာရီခွဲလောက်ကဖြစ်တာ။ ရန်ကုန်ကနေ-မန္တလေးကိုမောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာကားကို နောက်ကလားရာတူ ရန်ကုန်နဲ့ရေဦးကိုပြေးဆွဲနေတဲ့ နေကြာ ကားကနေဝင်တိုက်တာ။ နောက်ကနေဝင်တိုက်တဲ့နေကြာကားက ယာဉ်မောင်းနဲ့ အကူယာဉ်မောင်းကတော့ ဒဏ်ရာတွေရတယ်။ ယာဉ်စပယ်ယာကတော့ အခင်းဖြစ်စဉ်မှာပဲသေဆုံးသွားတာ။ ခရီးသည်တွေတော့ တစ်ယောက်မှထိခိုက်ဒဏ်ရာရရှိမှုမရှိဘူး။ ဝင်တိုက်ခံရတဲ့ ရှေ့က ရွှေစင်စင်္ကြာကားကတော့ ကားအောက်ခန်းအဖုံးထဲကိုဝင်အိပ်နေတဲ့ အကူယာဉ်မောင်းပဲဒဏ်ရာရတာ။ နောက်ကားကနေ တိုက်ပြီးဝင်ဆောင့်လိုက်တော့ အိပ်နေရာကနေ ရှေ့ကိုပစ်ကျသလိုမျိုးဖြစ်သွားတာပေါ့” လို့ အမြန်လမ်း စကားအင်းရဲစခန်းမှ ရဲအုပ်ညီအောင်က Duwun ကိုပြောပါတယ်။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ယာဉ်တိုက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု နာရီပိုင်းဖြစ်ပွားခဲ့ပြီး တိုက်မိတဲ့ယာဉ်နှစ်စီးကို ကရိန်းနဲ့ မရွှေ့ခဲ့ရပါတယ်။ အခုအခါမှာတော့ မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်နေပြီဖြစ်တယ်လို့ ရဲအုပ်ညီအောင်ကပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ကဝင်တိုက်တဲ့ နေကြာ ယာဉ်မောင်းကိုစစ်ဆေးဖို့ရှိပေမယ့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး စကားမပြောနိုင်သေးတာကြောင့် ဖြစ်စဉ်ကို မစစ်ဆေးရသေးဘူးလို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကို ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။


က္က