တစ်ဦးထွက်ပြေးနေပါတယ်။
Hmue Eain Zaw

အမြန်လမ်းမှာ မောင်းနှင်နေတဲ့ ခရီးသည်တင်ကားတွေကို ခဲလုံးနဲ့ ပစ်သူလို့ယူဆရသူတွေထဲကတစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကသိရပါတယ်။

Photo - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး FB

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲဝန်းကျင်လောက်က ယာဉ်မောင်း ဦးမင်းသူအောင် မောင်းနှင်လာတဲ့ Express ယာဉ်ကို မိုင်တိုင် ၆၉/၇ အနီးမှာ ခဲနဲ့ ပစ်ပေါက်ခံ/တာကြောင့် ဘေးလေကာမှန်ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဇွန်လ ၂၃ ရက်နေ့ည ၁၁ နာရီလောက်မှာပဲ အမြန်လမ်းမိုင်တိုင်အမှတ် ၆၅ လောက်မှာ Express ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ခဲနဲ့ပစ်ပေါက်ခံရတာကြောင့် လေကာမှန်တွေ ကွဲကုန်လို့ အမြန်လမ်းရဲကင်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့်ရဲတပ်ဖွဲ့က လှည့်ကင်း ပါတ်ကင်း ကင်းပုန်းတွေနဲ့ များ ဖြင့် ဖြစ်စဉ် နယ်မြေ တဝိုက်လုံခြုံရေး ဆောင်ရွက်ခဲ့ရာမှာ ဇွန်လ ၂၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်က မိုင်တိုင် ၆၇/၃ အနီး မှာ စောဆေးလယ်ဝါး ဆိုသူကို လူကိုဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ လက်လုပ်လေသေနတ် ၂ လက် သေနတ်ပစ်ရာတွင်အသုံးပြုတဲ့ ကော်ဘူးအသေးအတွင်းထည့်ထားတဲ့ စက်ဘီးဘောစိ ၁၄၆ လုံး လေးခွ ၁ လက် လေးသီးအဖြစ်အသုံးပြုတဲ့ ကျောက်စရစ်ခဲ ၄ ခဲ ခေါင်းစွပ်ဓာတ်မီး စိမ်း ၁ နက် ၁ လုံး ဓာတ်ခဲအသေး ၃ လုံး တို့နှင့်အတူ ဖော်ထုတ် ဖမ်းမိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်ဆက်စပ် သံသယရှိသူဖြစ်တဲ့ ထွက်ပြေး သူ စောဝါးနီ ကိုဖမ်းမိရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


Author


က္က