ယာဉ်မောင်းတွေက ယာဉ်တွေကိုထားခဲ့ပြီး ထွက်ပြေးမှုတွေလည်းရှိနေပါတယ်။

ဖမ်းဆီးမှုတွေကို ကြောက်ပြီး တရားမဝင်ယာဉ်များကို မောင်းနှင်လာသူတချို့ ပစ်ထားခဲ့တဲ့ ကား ၄ စီးခန့်ကို ဖမ်းမိထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ သိရပါတယ်။

photo- အမြန်လမ်းရဲတပ်ဖွဲ့( တရားမဝင်ဖမ်းဆီးရမိထားတဲ့ယာဉ်)


အမြန်လမ်းမကြီးတစ်လျှောက် တရားမဝင်မော်တော်ယာဉ်များ ဖမ်းဆီးရေးကို ယခင်ကတည်းကတည်းအစဉ်တစိုက်ဆောင်ရွက်ခဲ့ပေမယ့် ယခုအခါမှာတော့ တပ်ဖွဲ့ဝင်တွေအားလုံးအင်တိုက်အားတိုက်နဲ့ စစ်ဆေးဖမ်းဆီးမှုတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့က အရင်ကတည်းကတည်းက တရားမဝင်ယာဉ်ဖမ်းဆီးရေးလုပ်ငန်းတွေကို တိုးဂိတ်တွေမှာ စစ်ဆေးဆောင်ရွက်နေကြ။အခုကတော့ အရင်ကထက်ပိုပြီး အင်တိုက်အားတိုက်ဆောင်ရွက်နေတဲ့ သဘောပေါ့။ တရားမဝင်ယာဉ်တွေက မြဝတီဘက်က မောင်းလာတောတွေများတယ်။ အခုလို အမြန်လမ်းမှာ ဖမ်းဆီရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်ဆိုတော့ တချို့ကဆက်မမောင်းရဲတော့ပဲနဲ့ ကားတွေကို လမ်းမှာတင်ထားခဲ့ပြီးတော့ လူတွေကအလွတ်ထွက်ပြေးတာတွေလည်းရှိနေတယ်” လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး ရဲမှူးဇာနည်မောင်က Duwun ကိုပြောပါတယ်။

photo- အမြန်လမ်းရဲတပ်ဖွဲ့

ယခုတစ်ပတ်အတွင်း အမြန်လမ်းမှာ ရပ်ထားခဲ့တဲ့ တရားမဝင်ယာဉ် (၃)၊(၄) စီးလောက်ကို ဖမ်းမိထားတယ်လို့ ရဲမှူးဇာနည်မောင်ကပြောပါတယ်။ ဒီကနေ့ သြဂုတ်လ(၁၄)ရက်နေ့ မနက်အစောပိုင်းမှာလည်း ဆိပ်ဖြူမြို့နယ်ကနေ မောင်းနှင်လာတဲ့ Wish အဖြူရောင်မော်တော်ယာဉ်ကို စစ်ဆေးတဲ့အခါမှာ တရားဝင်အထောက်အထားများမရှိတဲ့အတွက် ယာဉ်နဲ့အတူ ယာဉ်မောင်းကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

အဆိုပါယာဉ်နဲ့အတူ ပါလာတဲ့ နောက်ထပ်ယာဉ်တစ်စီးဟာ မောင်းနှင်ထွက်ပြေးသွားတာကြောင့် ထွက်ပြေးသွားတဲ့ယာဉ် ဖမ်းဆီးရမိရေးကိုလည်း ပိတ်ဆို့စစ်ဆေးလျှက်ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က