သီတင်းကျွတ်ပိတ်ရက်၅ရက်မှာကို ယာဉ်မတော်မှု(၂၆)မှာ(၂)ဦးသေဆုံးခဲ့ပါတယ်။

အောက်တိုဘာလအတွင်းယာဉ်မတော်တမှု မကြာခဏဖြစ်ပွားခဲ့တဲ့ မိုင်တိုင်(၂၁၈) ၄ဖာလုံနဲ့ ၅ဖာလုံကြားမှာ ပရိတ်တရားရွတ်ဖတ် အမျှပေးဝေသွားမှာပါ။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆထိခိုက်ဖြစ်ပွားမှုကြောင့် သေဆုံးသွားသူတွေအတွက်ရည်စူးပြီး ပရိတ်တရားနာ အမျှဝေခြင်း ပြုလုပ်သွားမှာဖြစ်တယ်လို့အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ ပရိတ်တရားနာခြင်းကိုတော့ အောက်တိုဘာ(၁၈)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ (၃)ရက်တိုင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

“ ယာဉ်မတော်ဆမှုကြောင့် သေဆုံးသွားသူတွေအတွက်ရည်စူးပြီး အမျှပေးဝေသလို ခရီးသွားပြည်သူတွေလည်း အန္တရာယ်ကင်းအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာပါ။ ဘုန်းကြီး(၃)ပါးပင့်ပြီးတော့ တစ်နေ့ကိုတစ်နာရီနဲ့ (၃)ရက် ပရိတ်တရားရွတ်ဖတ်အမျှပေးဝေသွားမှာ။မနက်(၉)နာရီကနေ (၁၀)နာရီထိပေါ့။ ဒီနေ့ကစရွတ်တယ်။ နောက်နှစ်ရက်ကျန်သေးတယ်။ ပရိတ်တရားရွတ်ဖတ်တဲ့နေရာက အခုအောက်တိုဘာလအတွင်းမှာ ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားတဲ့ မိုင်တိုင်(၂၁၈) ၄ဖာလုံနဲ့ ၅ဖာလုံကြားမှာလုပ်တာပါ” လို့ အမြန်လမ်းပန်းတင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြသန်းက Duwun ကိုပြောပါတယ်။

photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

အမြန်လမ်းမှာယာဉ်မတော်ဆမှုက မကြာခဏဖြစ်ပွားလျှက်ရှိပြီး သေဆုံးမှုတွေလည်းရှိနေပါတယ်။ သီတင်းကျွတ်ပိတ်ရက်ကာလဖြစ်တဲ့ အောက်တိုဘာလ(၁၀)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ အမြန်လမ်းမှာ ယာဉ်မတော်တမှု (၂၆)မှုှဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ၊ဒဏ်ရာရရှိသူ (၇၂)ဦးထိရှိခဲ့ပါတယ်။ 



က္က