ရုတ်တရတ်အနံ့မရ အနံ့အသက်ပျောက်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီပို့ဆောင် စစ်ဆေးခဲ့ပါတယ်။

မန္တလေး အမရပူရမြို့နယ် ဗားကရာကျောင်းတိုက်ဝင်းအတွင်းရှိ မဟာဝရဇိန် မစိုးရိမ် ဓမ္မာစရိယသင်တန်းကျောင်းမှ ရဟန်းတော်တစ်ပါးမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရလို့ ကျောင်းနေသံဃာတော်အပါးခြောက်ဆယ်ကျော်နဲ့ လူရှစ်ယောက်ကို နှာခေါင်းတို့ဖတ် အာခေါင်တို့ဖက် နမူနာယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျောင်းတိုက်က သတင်းထုတ်ပြန်ထားပါတယ်။

Photo: မဟာဝရဇိန် မစိုးရိမ် ဓမ္မာစရိယ

ပိုးတွေ့လူနာ ရဟန်းတော်ဟာ သက်တော်နှစ်ဆယ်ကျော်အရွယ် စာသင်သား ရဟန်းတော်တစ်ပါးလည်းဖြစ်ပြီး ရုတ်တရတ် အနံ့မရ အနံ့အသက်ပျောက်လို့ မနေ့က မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေးစစ်ချက်ယူခဲ့ရာမှာ ဒီကနေ့ ပိုးတွေ့ကြောင်း သိရတာလို့သိရပါတယ်။



"စာသင်သား ဦးဇင်းလေးတစ်ပါးမှာ ပိုးတွေ့တာပါ၊ သူက အနံ့မရလို့ဆိုပြီး ဆေးရုံသွားပြရာကနေ ရောဂါပိုးတွေ့ကြောင်း သိရတာပါ၊ အခုက ကျောင်းဝင်းထဲက သံဃာတော်တွေအားလုံးကို swab ယူနေပါတယ်၊ ဆေးဖြန်းတာတွေလည်း လုပ်သွားမှာပါ၊ ထိတွေ့မှုနဲ့ ခရီးသွားရာဇဝင်ကတော့ ဆောင်ရွက်နေတုန်းပါ" လို့ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက Duwun ကို ပြောပါတယ်။

အခုမနက် ၁၁ နာရီခွဲအချိန်အထိ သိရသလောက်ကတော့ ပိုးတွေ့လူနာ ရဟန်းတော်ကို ဆေးရုံကြီးကနေ ပိုးတွေ့လူနာတွေ သီးသန့်ထားရှိတဲ့ကုတင် ၃၀၀ ဆံ့ ဆေးရုံသို့ ရွှေ့ပြောင်းထားကြောင်းနဲ့ ကျောင်းတိုက်တစ်ဝန်းလုံးကို Lockdown ချထားပါတယ်။ လက်ရှိမှာတော့ စာသင်သားကျောင်းနေသံဃာတော်တွေအတွက် ဆွမ်းကွမ်းကိစ္စကအစ အခက်အခဲများ ဖြစ်နေတာကြောင့် မန္တလေးမြို့နေ ပြည်သူတွေက လှူဒါန်းမှုတွေပြုလုပ်ကြရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က